ဘာကီနာဖာဆိုစစ်တပ် ဝါဂဒူဂူးမြို့ကို ရောက်ရှိ


ပြီးခဲ့တဲ့ ကြာသာပတေးနေ့က အနောက်အာဖရိက ဘာကီနာဖာဆိုမှာ အာဏာသိမ်းခဲ့တဲ့ သမ္မတ ကိုယ်ရံတော် တပ်ဖွဲ့အကြီးအကဲက လက်နက်ချမယ်လို့ ပြောကြားခဲ့တဲ့အတွက် ဘာကီနာဖာဆို နိုင်ငံရဲ့ အမြဲတမ်း စစ်တပ်အဖွဲ့တွေဟာ မြို့တော် ဝါဂဒူဂူး ရှိရာဆီကို ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။

ဘာကီနာဖာဆိုရဲ့ စစ်တပ်ခေါင်းဆောင်တွေနဲ့ အာဏာသိမ်း သမ္မတ ကိုယ်ရံတော် တပ်ဖွဲ့တို့ဟာ ဆွေးနွေးညှိနှိုင်းနေကြတယ်လို့ လုံခြုံရေး သတင်းရပ်ကွက်တွေက ပြောပါတယ်။

အာဏာသိမ်းတပ်ဖွဲ့ အကြီးအကဲ စစ်ဗိုလ်ချုပ် Gilbert Diendere က သူ့အနေနဲ့ အစိုးရကို အာဏာပြန်လွှဲပေးဖို့ အသင့်ရှိကြောင်း၊ ဒါပေမယ့် အကျပ်အတည်းတွေ အဆုံးသတ်ရေး အစီအစဉ်ဟာ ဒေသတွင်းခေါင်းဆောင်တွေရဲ့ ထောက်ခံမှုရှိရမှာဖြစ်ကြောင်း ဘီဘီစီကို ပြောပါတယ်။

စစ်ဗိုလ်ချုပ် Gilbert Diendere ဟာ ရာထူးကနှုတ်ထွက်ပေးရတဲ့ သမ္မတ Blaise Compaore ကို သစ္စာစောင့်သိသူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကြားဖြတ်အစိုးရ သမ္မတ Michel Kafando ဟာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ဗိုလ်ချုပ်ကြီး Diendere က ခေါင်းဆောင်နေရာယူခဲ့တာဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment