မတ်တတ်မရပ်နိုင်သူကို ကြိုးပေးသတ်ဖို့ ရွှေ့ဆိုင်း


  ပါကစ္စတန်မှာ သေဒဏ်ချ ခံထားရတဲ့ ကိုယ်တစ်ပိုင်းသေနေသူကို ကြိုးပေးသတ်ဖို့ အစီအစဉ် ရွှေ့ဆိုင်းထားတယ်လို့ သူ့ရဲ့ ရှေ့နေက ပြောပါတယ်။

ကိုယ်တစ်ပိုင်း သေနေသူ Abdul Basit ဟာ ဘီးတပ်ကုလားထိုင်ကိုပဲ သုံးနေရပြီး မတ်တတ်မရပ်နိုင်တဲ့အတွက် သူ့ကို ထောင်တွင်း လုပ်ထုံးလုပ်နည်းနဲ့အညီ ကြိုးပေးလို့ မဖြစ်နိုင်ကြောင်း ရွှေ့ဆိုင်းဖို့ အမိန့်ပေးခဲ့တဲ့ တရားသူကြီးက ပြောဆိုပါတယ်။

ပါကစ္စတန်ရဲ့ ထောင်စည်းမျဉ်းညွန်းတမ်းတွေအရ ကြိုးပေးခံရမယ့် အကျဉ်းသမားဟာ ကြိုးစင်ပေါ်မှာ မတ်တတ်ရပ်ရမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၆ နှစ်က လူသတ်မှု နဲ့ ပြစ်ဒဏ်ချ ခံထားရတဲ့ အသက် ၄၃ နှစ်အရွယ် Abdul Basit ဟာ အကျဉ်းထောင် ထဲမှာ နာမကျန်းဖြစ်ပြီး ခါးအောက်ပိုင်း အကြောသေသွားခဲ့တဲ့အတွက် ဘီးတပ်ကုလားထိုင်ကို သုံးစွဲခဲ့ရတာ ဖြစ်ပါတယ်။

အခုလို ကိုယ်တစ်ပိုင်းသေနေသူကို ကြိုးပေးသတ်မယ်ဆိုတာဟာ ရက်စက်ပြီး ရှက်စရာကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆိုခဲ့ကြပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment