ပေါင် ၄၈.၅ သန်း ကုန်ကျတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ကိတ်မုန့် 


ကျောက်မျက်ရတနာတွေ ထည့်သွင်းထားတဲ့ မွေးနေ့ နဲ့ စေ့စပ်ကြောင်းလမ်းကိတ်မုန့် ဟာ ခြောက်ပေ ရှည်လျားပြီး၊ စိန်အစစ်ပေါင်း ၄၀၀၀ ကျော်ပါဝင်ကာ၊ နာမည်ကြီးဖက်ရှင်ဒီဇိုင်နာတစ်ဦးက ဖန်တီးထားတာ ဖြစ်ပါတယ်။
ပေါင် ၄၈.၅ သန်း တန်ကြေးရှိပြီး ကမ္ဘာ့ဈေးအကြီးဆုံးကိတ်မုန့် အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီကိတ်မုန့် ကို အသက် ၃၃ နှစ်အရွယ် Debbie Wingham က ပြုလုပ်ခဲ့ပြီး သူမဟာ ပေါင် ၁၁.၅ သန်းတန် ကမ္ဘာ့ဈေးအကြီးဆုံး ၀တ်စုံကို စိန်နီ၊ စိန်နက်တွေနဲ့ ပြုလုပ်ခဲ့သူလည်း ဖြစ်ပါတယ်။
ယူအေအီးမှာ နေထိုင်တဲ့ အာရပ်သူဌေးမိသားစုတစ်ခုက ကိတ်မုန့် ကို လုပ်ခိုင်းခဲ့တာဖြစ်ပြီး သူမဟာ နာရီပေါင်း ၁၁၀၀ ကြာအောင် ကြိုးစားပမ်းစားလုပ်ခဲ့ရပါတယ်။ Catwalk ဖက်ရှင်လျှောက်လမ်းပုံစံလုပ်ထားတဲ့ ကိတ်မုန့် မှာ နာမည်မသိရတဲ့ဖောက်သည် အတွက် သူမ လုပ်ပေးခဲ့တဲ့ ၀တ်စုံဒီဇိုင်းတွေလည်း ပါဝင်ပါတယ်။ ကိတ်မုန့် မှာ ဒီဇိုင်နာလက်ကိုင်အိတ်တွေ၊ မျက်မှန်အနက်တွေနဲ့ ဖိနပ်တွေဝတ်ထားတဲ့ လူပုံစံတွေပါရှိပြီး နောက်ဆုံးပေါ် အီလက်ထရောနစ်ပစ္စည်းပုံစံ တွေလည်း ပါရှိပါတယ်။
ကိတ်မုန့် ဟာ အလေးချိန် ၄၅၀ ကီလိုဂမ်ရှိပြီး အညိုရောင်ဝက်ဝံကြီးတစ်ကောင်ရဲ့ အလေးချိန်လောက် ရှိပါတယ်။ ခရမ်းနီလာကျောက်တွေနဲ့ မြ ကျောက်တွေကိုလည်း ကိတ်မုန့် မှာ ထည့်သွင်းထားပါတယ်။ ဒီဇိုင်နာ Debbie Wingham ဟာ အခု အခါ မုန့် ဖုတ်ပညာရပ်ဘက်ကို ကူးပြောင်းခဲ့ပြီး ကိတ်မုန့် အလှဆင် အနုပညာရပ်ဟာ စိတ်အပန်းဖြေစေပြီး သူမရဲ့ ရှေ့ ရေးကို pastry မုန့် ဖုတ်တဲ့အလုပ်ဆီမှာ မြှပ်နှံဖို့  စိတ်ကူးထားကြောင်း ပြောခဲ့ပါတယ်။
Ref: Mirror
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment