ကိုယ်ဝန်ရှိမှန်းမသိဘဲ ဆေးခန်းသွားပြစဉ် တက္ကစီပေါ်၌ မီးဖွား


 ကိုယ်ဝန်ရှိမှန်းမသိဘဲ အကျိတ်ဟုထင်၍ ဆေးခန်းသွားပြစဉ် အငှားယာဉ်ပေါ်၌ ကလေးငယ်တဦး မွေးဖွားမှုဖြစ် စဉ်တခု စက်တင်ဘာ ၈ ရက် ည ၈ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ယင်းနှင့်ပတ်သက်၍ ကိုဇာညီသစ္စာက ''သူ့ကို ဆီးစစ်တာ သုံးကြိမ်လုပ်တာ မရှိဘူးဘဲပြတယ်။ သူ့ဗိုက်က အောင့်တယ်လို့ပြောတော့ သွေးလုံးလား၊ လေလုံးလားဆိုပြီး ဆေးခန်းပြမလို့ စီစဉ်နေတုန်း ဗိုက်က မခံမရပ်နိုင် နာလို့ ဆေးခန်းသွားပြမှ ကလေးက ခေါင်းပြူပြီး အမြန်ကားငှားသွားရင်း ကားပေါ်မှာ မွေးလိုက်တာ''ဟု အမျိုးသမီး၏ခင်ပွန်း ကိုဇာညီသစ္စာက News Watch ဂျာနယ်သို့ ပြောကြားခဲ့သည်။

ကိုဇာညီသစ္စာတို့ ဇနီးမောင်နှံသည် ယုဇနဥယျာဉ်တွင် နေထိုင်ကြပြီး သားဦးလေးအား မွေးဖွားထားသည်မှာ တနှစ်နှင့် ၁ လသာကြာမြင့်သေးသည်ဟု ဆိုသည်။ ယင်းကဲ့သို့ သားဦးလေးမွေးဖွားပြီး မကြာမီဒုတိယ ကလေး မွေးဖွားမည်ဟုလည်း မထင်မိကြောင်း၊ ဗိုက်ထဲမှ အလုံးအကျိတ်အတွက် ဆေးကုရန် ပြင်ဆင်နေခြင်းဖြစ်သည် ဟု ဆိုသည်။

အငှားယာဉ်ပေါ်တွင် ကလေးမီးဖွားခြင်းနှင့်ပတ်သက်၍ ယုဇနနှင့်နီးစပ်သည့် တောင်ဒဂုံရတနာအထွေထွေ ဆေးရုံသို့ သွားရောက်စဉ် လမ်း၌ မွေးဖွားခြင်းဖြစ်ကြောင်း ဆိုသည်။ ''ကားသမားက တော်တော် အတွေ့အကြုံ ကြွယ်တယ်၊ ကလေးငိုသံကြားတာနဲ့ အချိန်စမှတ်လိုက်ပြီး သူ့အကူအညီလည်း အများကြီးရတယ်၊ ရတနာ အထွေထွေဆေးရုံရောက်တော့ လုပ်စရာရှိတာ အကုန်လုပ်ပေးပြီးမှ စံပြဆေးရုံကြီးကို လွှဲပေးတယ်။ အခုတော့ ကလေးရော မိခင်ရော ကျန်းကျန်းမာမာပါပဲ''ဟု ခင်ပွန်းဖြစ်သူက ပြောကြားခဲ့သည်။ မထင်မှတ်ဘဲ အငှားယာဉ် ပေါ်တွင် မွေးဖွားခဲ့သောကြောင့် ကလေးငယ်သည် လစေ့၊ မစေ့မသိသော်လည်း ကလေးမှာ ခုနစ်ပေါင်ရှိသော ကြောင့် လစေ့မည်ဟုလည်း ယူဆသည်ဟု ဆိုသည်။

ယင်းနှင့်ပတ်သက်၍ ''ကိုယ်က ရောဂါတခုခုလို့ ထင်ထားပြီးမှ သမီးမိန်းကလေးမွေးတော့ အတိုင်းမသိပျော်တာ ပေါ့။ နည်းနည်း ၀ရုန်းသုန်းကားဆန်သွားတာလေးတခုပဲရှိတာ၊ အဲဒါလည်း သူငယ်ချင်းတွေက အကူအညီ အများကြီးပေးကြလို့အဆင်ပြေပါတယ်''ဟု ၎င်းက ပြောကြားခဲ့သည်။ ယင်းအပြင် မိမိဇနီးကိုယ်ဝန်ရှိ၊ မရှိမသိခဲ့ မှုအတွက် သူငယ်ချင်းများ၏ပြစ်တင်မှုလည်း ခံရသည်ဟုဆိုသော်လည်း အကူအညီပေးခဲ့သောကြောင့် ကျေးဇူးတင်သည်ဟု ဆိုသည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment