အချစ်သီချင်းလေးတွေနဲ့ နာမည်ရလာတဲ့ အဆိုရှင် ထွန်းရတီကသူမရဲ့ ဒုတိယ မှတ်တိုင်ကိုလည်း စိုက်ထူနိုင်ခဲ့လို့ ပြောပြခဲ့ပါတယ်။ “ပထမဆုံးကတော့ ညီမပရိသတ်ကို ပထမအခွေနဲ့ ဒုတိယအခွေ နည်းနည်းခြားသွားလို့ တောင်းပန်ပါတယ်။ အခုဆိုရင် ညီမရဲ့ ဒုတိယမှတ်တိုင် ဖြစ်တဲ့ “ချစ်ပြီးသားပါ”ဆိုတဲ့ Audio CD လေးကို စိုက်ထူနိုင်ခဲ့ပြီး အဲဒီအခွေလေးမှာတော့ ပထမခွေနဲ့ မတူအောင်တော့ လုပ်ထားပါတယ်။ အချစ်သီချင်းလေးတွေ ဆိုပေမယ့် ပရိသတ် ကြိုက်မယ်လို့ ယုံကြည်ပါတယ်။ ညီမလည်း အကောင်းဆုံး ဖြစ်အောင် ကြိုးစားထားပါတယ်။ ဒါပေမဲ့ အခုအခွေ ထွက်ပြီးသွားလို့ရှိရင် ပရိသတ်ရဲ့ တုံ့ ပြန်မှုနဲ့ အဆုံးအဖြတ်ကို စောင့်နေပါတယ်။ အခွေလေးထဲမှာတော့ သီချင်းအမျိုးအစား အစုံပါတယ်။ အေးတာတွေရော အမြူးတွေရော ပါပါတယ်”လို့ ပြောပြခဲ့ပါတယ်။သူမရဲ့ ဒုတိယ တစ်ကိုယ်တော် အခွေ “ချစ်ပြီးသားပါ”ဆိုတဲ့ အခွေလေးကို စက်တင်ဘာလ (၂၇) ရက်နေ့မှာ စတင်ဖြန့်ချိမည် ဖြစ်ပြီး၊ အဆိုပါ နေ့မှာပဲ ဒဂုန်စင်တာ ပထမထပ်မှာ နေ့လယ်(၃) နာရီမှ ည (၇) နာရီထိ ပရိုမိုးရှင်းပွဲ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
Source..http://www.messengernewsjournal.com/
0 comments:
Post a Comment