အနုပညာ နယ်ပယ်မှာ မင်းသမီးတစ်လက်အဖြစ် အခိုင်အမာ ရပ်တည်နေတဲ့ အိချောပိုက ရန်ပုံငွေပွဲတွေဆို ပိုပြီးလုပ်အားပေးဖြစ်ကာ အားလပ်ချိန်တိုင်း ပါဝင်ဖြစ်တယ်လို့ သိရပါတယ်။
““ညီမရဲ့ စိတ်ကိုယ်က ရန်ပုံငွေပွဲလေးတွေ ကူညီပါဦးဆိုရင် မနေနိုင်တော့ဘူး။ ကူညီဖြစ်တယ်။ နောက်ပြီး ဒီလိုအကူအညီ ပေးရတာကိုလည်း စိတ်ထဲမှာ ပြောမပြတတ်အောင် ပီတိဖြစ်ရပါတယ်။ တကယ်လို့ ညီမဘက်ကိုလာပြီး အကူအညီတောင်းတဲ့အခါ မကူညီလိုက်ရရင် စိတ်ထဲမှာ တစ်မျိုးချည်း ခံစားရတယ်။ အများအားဖြင့်ကတော့ အတတ်နိုင်ဆုံး ညီမဘက်က ကူညီဖြစ်ပါတယ်။ အခုလည်း ဦးဇာဂနာ စီစဉ်တဲ့ပွဲ ရေဘေးသင့် ပြည်သူတွေအတွက် ကူညီဖို့ ရန်ပုံငွေအတွက်ကို စင်ကာပူကို သွားဖို့ရှိပါတယ်” လို့ ပြောပြခဲ့ပါတယ်။
လက်ရှိမှာတော့ ဒါရိုက်တာ သားကြီးရိုက်တဲ့ “ယောက္ခမ အထာ”ဆိုတဲ့ ဇာတ်ကားကို သရုပ်ဆောင် မြင့်မြတ်နဲ့အတူ ရိုက်ကူးနေပါတယ်လို့ သိရပါတယ်။
Source...http://www.messengernewsjournal.com/
0 comments:
Post a Comment