မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မူလတန်းပညာအပြီးဆုံးဘဲ ကျောင်းထွက်သည့် ကလေးများလာ


 မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်း၏ အမျိုးသမီးနှင့် ကလေးအခွင့်အရေး အစီအစဉ်မှ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ မှ မတ်လအထိ စစ်တမ်းကောက်ယူ ထားမှု အရ မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မူလတန်းပညာကို ဆုံးခန်းတိုင် မသင်ကြားနိုင်ဘဲ ကျောင်းထွက်ရသည့် ကလေးများလာသည်ဟု သိရှိရသည်။

ကျောင်းထွက်တဲ့ကလေးများထဲမှအချို့သည် မိသားစုစားဝတ်နေရေးအတွက် ရာဘာခြံများနှင့်စား သောက်ဆိုင်များတွင် ၀င်ရောက်အလုပ်လုပ်ကိုင်နေရသည်ဟု (WEP) ထံမှ သိရသည်။

"ကျောင်းရဲ့အနိမ့်ဆုံး မသင်မနေရ ပညာရေးစနစ်ကို (၁၄) နှစ်ထိရောက်အောင် အလယ်တန်းထိ တိုးမြှင့်ပေးဖို့အတွက် ILO ရော ကျွန်မတို့ရဲ့အရပ်ဘက်ကလေး လူမှုရေးအဖွဲ့တွေက ပါတောင်းဆို နေဆဲဖြစ်တယ်။ အစိုးရဘက်ကလည်း အဲဒီလိုတိုးမြှင့်မှသာ ဒီကလေးလုပ်သား နည်းမှာပါ နောက်တခုကလည်း ကျောင်းပြင်ပပညာရေးကလည်း စနစ်တကျမရှိသေးဘူး။ ညကျောင်းလို့ပြောရင်တောင်မှ သေသေချာချာ သင်ကြားမှု မရှိသေးပါဘူး။ တချို့ဆင်းရဲနွမ်းပါးကလေးတွေဆိုရင် ဘယ်နည်းနဲ့မှခေါ်ချိန်ပြည့်နိုင်မှာ မဟုတ် ပါဘူး"ဟု (WEP) မှ Program Officer ဒေါ်မိချယ်ရီစိုး မှ ပြောသည်။

လူတိုင်းတွင် ပညာသင်ယူခွင့်ရှိသည်။ ပညာသင်ကြားရေးသည် အနည်းဆုံးမှုလတန်းနှင့်အခြေခံအဆင့်တို့တွင် အခမဲ့ဖြစ်ရမည်။ မူလတန်းပညာသည် မသင်မနေရဖြစ်ရမည်။

စက်မှုလက်မှုနှင့်အသက်မွေးဝမ်း ကျောင်းပညာများကို လူအများသင်ယူနိုင်စေရမည်ဖြစ်ပြီး အဆင့်မြင့်ပညာရေးကို အရည်အချင်းပေါ်အခြေခံ၍ အားလုံး တန်းတူရည်တူရရှိစေရမည်ဟု ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၂၆) (၁) တွင်ဖော် ပြပါရှိသည်။

ယင်းအပြင် အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူတိုင်း အောင်မြင်ခွင့်ရရှိရေးအတွက် ကျောင်းခေါ်ချိန်ပြည့်မီအောင် ကျောင်းသားမိဘများနှင့်ဆရာ/ဆရာမတို့မှ ပူးပေါင်း၍လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း မွန်ပြည်နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

“ကျောင်းခေါ်ချိန်မပြည့်ရင် ကျောင်းသားတွေဘယ်ရှိတော့မလဲ၊ အဓိကကတော့ ကျောင်းခေါ်ချိန် (၇၅%)ပြည့်မှီရမှာဖြစ်ပါတယ်။ တစ်ချို့ကလေးတွေဆိုရင် မိဘတွေနဲ့ခေါ်တွေ့လို့ ပြည့်မီသွားတာတွေများပါ တယ်။ ဒါကြောင့်မိဘနဲ့ဆရာတွေပူးပေါင်းသွားမှာပါ”ဟု မွန်ပြည်နယ်ပညာရေးမှူးရုံးမှ ဒုညွှန်ကြားရေးမှူး(စီမံ) ဦးကျော်ရင်က ပြောသည်။

ခေါက်ချိုး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment