http://images.hngn.com/data/images/full/129145/alien-corpse.jpg?w=650
ရုရှားနိုင်ငံအတွင်းရှိ နျူကလီးယား ဓာတ်အားပေးစက်ရုံတစ်ခုအနီးတွင် ဂြိုဟ်သားတစ်ကောင်၏ အလောင်းဖြစ်နိုင်သည်ဟု ယူဆရသော ရုပ်ကြွင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကရာစနိုရပ်စ်ဒေသမှ သုတေသနပညာရှင်များ၏ ထုတ်ဖော်ပြောကြား ချက်အား UFO Sightings Daily သတင်းတွင်ဖော်ပြထားသည်။
အခြားဂြိုဟ်မှ ဂြိုဟ်သားတစ်ဦး၏ ရုပ်ကြွင်း ဦးခေါင်းပိုင်းတစ်ခုကို ပညာရှင်များက ရှာဖွေတွေ့ရှိပြီးနောက် ဂြိုဟ်သားများ သည် အခြားကမ္ဘာတစ်နေရာတွင် လက်တွေ့ရှိနေကြောင်းကို သက်သေပြနိုင်လိမ့်မည်ဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။
ယခုတွေ့ရှိခဲ့ရသော ရုပ်ကြွင်းကို မူလက ကြက်တစ်ကောင်၏ အပေါ်ပိုင်းဖြစ်နိုင်သည်ဟုထင်ခဲ့သော်လည်း စစ်ဆေးတွေ့ရှိ ချက်များအရ မကြာမီ ဂြိုဟ်သားအကောင်တစ်ကောင်ဖြစ်ကြောင်းကို သက်သေပြနိုင်လိမ့်မည်ဟု ပညာရှင်များက ပြောကြား သည်။
ရုပ်ကြွင်း၏ ဦးခေါင်းပိုင်းသည် အလွန်ထူးဆန်းကြောင်း၊ လည်ပင်းမပါသော အကောင်ဖြစ်ပြီး တောင်ပံပါသည့် လက္ခဏာကို လည်း မတွေ့ရခြင်းက ဂြိုဟ်သားတစ်ကောင်ဖြစ်ရန် ပိုပြီးခိုင်လုံနေကြောင်း ယင်းတို့ကပြောကြားသည်။
ယင်းရုပ်အလောင်းကို ရုရှားနိုင်ငံ နျူကလီးယားစက်ရုံအနီးရှိ မြစ်ကမ်းဘေးတွင် တွေ့ရှိရခြင်းဖြစ်ပြီး၊ ကမ္ဘာပေါ်ရှိ မည်သည့် သက်ရှိမျိုးစိတ်နှင့်မျှ မတူသည့် လက္ခဏာများကို တွေ့ရှိခဲ့ရသည်ဟု သုတေသီ စကော့ စီ ဝမ်းနင်းကပြောကြားသည်။
ယခုအခါ ယင်းအလောင်းကောင်၏ အသားစများကို DNA စစ်ဆေးလျက်ရှိပြီး၊ ယင်းဂြိုဟ်သားများသည် နျူကလီယား စက်ရုံကို ဖောက်ထွင်းဝင်ရောက်ရန်ကြိုးစားခဲ့ပုံရကြောင်းဖြင့် UFO Sightings Daily တွင်ရေးသားထားသည်။
Source:Maukkha
0 comments:
Post a Comment