BMW သူဋ္ဌေး စင်မြင့်ပေါ်မှာ ချော်လဲလို့ သတင်းစာရှင်းလင်းပွဲပျက်ခဲ့ရ




 
ကမ္ဘာကျော် မော်တော်ကား ကုမ္မဏီ BMW ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Harald Krueger ဟာ Frankfurt Auto Show ဆိုတဲ့ အီလက်ထရစ်ကား မိတ်ဆက်ပွဲ စင်မြင့်ထက်မှာ ချော်လဲခဲ့ပါတယ်။

BMW သူဋ္ဌေးဟာ BMW က အသစ်ထုတ်လုပ်မယ့် i8 အီလက်ထရစ် စူပါကား ကို မိတ်ဆက်ဖို့အတွက် စင်မြင့်ပေါ်တက်လာချိန်မှာ ချော်လဲသွားတဲ့အတွက် ရှေးဦးသူနာပြု ၂ ယောက်က သူ့ကို အလျင်အမြန် လာရောက် ကူညီခဲ့ရပါတယ်။

Krueger ဟာ ချော်လဲသွားရမှာ ဦးခေါင်းအနောက်ဘက် နဲ့ စင်မြင်နဲ့ ရိုက်မိသွားတဲ့အတွက် စင်မြင့်ပေါ်က ဆင်းပြီး ဆေး အကူအညီ ရယူခဲ့ရပါသေးတယ်။ ကုမ္မဏီ ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ထို အခြေအနေနဲ့ပတ်သက်ပြီး "ကျွန်တော့်မှာ စကားလုံးတွေပျောက်နေပါပြီ။သေချာတာကတော့ BMW ဟာ မကြာခင်မှာ စာနယ်ဇင်းရှင်းလင်းပွဲ ပြန်လုပ်ပါလိမ့်မယ်" လို့ ဆိုပါတယ်။

BMW ရဲ့ ပြောရေးဆိုခွင့်ရသူတစ်ယောက်ဖြစ်တဲ့ Maximillian Schoberl က ပြောကြားခဲ့တာကတော့ Krueger ဟာ စင်မြင့်ပေါ်မတက်ခင်ကတည်းက နေမကောင်းသလို ခံစားနေခဲ့ရတာဖြစ်ပြီး အခုတော့ ကျန်းမာရေး ပြန်လည် ကောင်းမွန်သွားပြီလို့ ဆိုပါတယ်။

Krueger မိတ်ဆက်ဖို့ ကြိုးစားခဲ့တဲ့ i8 ကားဟာ ၁.၅ လီတာ စလင်ဒါ ၃ ခု ပါဝင်တဲ့ ဓါတ်ဆီစွမ်းအင်သုံး အင်ဂျင် နဲ့ အီလက်ထရစ် မော်တာ တို့ကို ပေါင်းစပ်ထားတဲ့ ကားတစ်မျိုးပဲဖြစ်ပါတယ်။ ဒီကားရဲ့ ထူးခြားချက်ကတော့ မောင်းနှင်နေရင်းနဲ့ ဘက်ထရီတွေကို ပြန်အားသွင်းပေးနေနိုင်တာပဲ ဖြစ်ပါတယ်။

Krueger ဟာ BMW အမှုဆောင် ချုပ်အဖြစ် မေလ မှာ စတင်ဆောင်ရွက်ခဲ့ပြီး အခု ချော်လဲခဲ့တဲ့ သတင်းစာရှင်းလင်းပွဲဟာ သူ့အနေနဲ့ ပထမဆုံး BMW ကိုယ်စားပြု ပြောကြားခွင့်ရတဲ့ ပွဲ ပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment