ကူးတို့သင်္ဘောနဲ့ တိုက်မှုကြောင့် လူ ၁၃ ဦးသေဆုံး


 တာကီအနီးမှာ ရွှေ့ပြောင်းနေထိုင်သူတွေ စီးလာတဲ့ လှေနဲ့ ကူးတို့သင်္ဘောတို့ တိုက်မိပြီး ကလေးငယ်တွေ အပါအ၀င် ရွှေ့ပြောင်းနေထိုင်သူ အနည်းဆုံး ၁၃ ဦး သေဆုံးခဲ့တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။

ရွှေ့ပြောင်းသူတွေ စီးလာတဲ့ လှေဟာ တာကီကနေ ဂရိနိုင်ငံ Lesbos ကျွန်းကို အသွား Canakkale ဆိပ်ကမ်းနားအရောက်မှာ အခုလို တိုက်မိခဲ့တာ ဖြစ်ပါတယ်။

ရဟတ်ယာဉ်တစ်စီးနဲ့ ကယ်ဆယ်ရေးသင်္ဘော ၆ စီးကို အခင်းဖြစ်ပွားရာကို စေလွှတ်ခဲ့ကြောင်းနဲ့ လူ ၈ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ၁ဦးက ဒဏ်ရာပြင်းထန်စွာ ရရှိကြောင်း တာကီ ကမ်းခြေစောင့် တပ်ဖွဲ့က ပြောဆိုပါတယ်။ တခြား သတင်းတွေအရတော့ သေဆုံးသူ တွေအနက် ၄ ဦးက ကလေးငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အခင်ဖြစ်ပွားချိန်ဟာ မှောင်နေပြီး သင်္ဘောက သူတို့လှေရှိရာကို တည့်တည့်မောင်းနှင်လာနေတာကြောင့် အချက်ပြမီးတွေနဲ့ ကြိုးစား အချက်ပြပေမယ့် သင်္ဘောက မမြင်ဘဲ သူတို့ကို တိုက်မိတာဖြစ်ကြောင်း၊ ပါလာသူတွေဟာ ရေထဲကို ကျကုန်ပြီး ကလေးတွေ အသက်ဆုံးရှုံးခဲ့ရကြောင်း အသက်ဘေးက လွတ်မြောက်လာသူတဦးဖြစ်တဲ့ Haseen ဆိုသူက အေအက်ဖ်ပီကို ပြောပါတယ်။

Lesbos ကျွန်း နားမှာ စနေနေ့က ဖြစ်ပွားခဲ့တဲ့ နောက်ထပ် လှေမှောက်မှု တစ်ခုမှာလည်း လူ ၂၂ ဦးကို ကျွန်းအနီးတ၀ိုက်မှာ ကယ်ဆယ်ခဲ့ရပြီး ၂၆ ဦးက ပျောက်ဆုံးနေကြောင်း ဂရိကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။

အဲဒီလှေမှောက် နစ်မြုပ်မှုမှာ ၅ နှစ်အရွယ် ကလေးငယ်၁ ဦး သေဆုံးခဲ့ပြီး ၁၃ ဦးက ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

အခုအခါ ရွှေ့ပြောင်းသူ ထောင်ပေါင်းများစွာဟာ ဥရောပ တောင်ပိုင်း နယ်စပ်တွေကို ဆက်လက်ဖြတ်ကျော်နေကြပြီး သြစတြီးယားနိုင်ငံဘက်သို့ ၀င်ရောက်နေကြတာ ဖြစ်ပါတယ်။

ရာက်လာသူပေါင်း ၂ သောင်းကျော်တယ်လို့ သြစတြီးယား အာဏာပိုင်တွေက ဘီဘီစီကို ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment