ဒုက္ခသည်စခန်း ပစ်ခတ်မှု ကျူးလွန်သူကို မဖမ်းဆီးနိုင်သေး


 မနေ့ညက ကရင်နီဒုက္ခအမှတ် ၁စခန်းတွင်း လူ၂ ဦးသေဆုံးပြီး ၃ဦး ဒါဏ်ရာရရှိအောင် ပစ်ခတ်ခဲ့တဲ့ သေနတ်သမားအား အရှင်ဖမ်းမိရန် ထိုင်းဒေသခံအာဏာပိုင်တွေနဲ့ စခန်းလုံခြုံရေးတပ်ဖွဲ့များ ယနေ့တနေ့လုံးကြိုးပမ်းနေခဲ့ကြပေမဲ့ ဖမ်းဆီးထိန်းသိမ်းနိုင်ခြင်းမရှိသေးပေ။

စက်တင်ဘာ ၂၀ရက်နေ့ညနေ ၅ခွဲအချိန်ခန့်က ကရင်နီရိုးရာ ကောက်ညှင်းထုပ်ပွဲတော်အတွက် ရပ်ကွက် ၁၃ မှာ လှည့်လည်ကခုန်ခဲ့တဲ့လူအုပ်စုကို အသက် ၃၉ နှစ်အရွယ်ရှိ ခူးဌေးရယ်မှ တောလိုက်တလုံးပြူးသေနပ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

ပစ်ခတ်မှုကြောင့် ခူးပလဲရယ် ၁၇ နှစ်နဲ့ ခူးဆဲရယ် ၄၀ နှစ်တို့ ပွဲချင်းပြီး သေဆုံးသွားကြပြီး ခူးဌေးရယ်၄၂ နှစ်၊ ခူးဘူးရယ်၂၀ နှစ်နဲ့ ခူးမယ်ရယ် ၁၈နှစ်တို့မှာ ဒဏ်ရာအသီးသီးရရှိကြတဲ့အတွက် မယ်ဟောင်ဆောင်ဆေးရုံကြီးသို့ပို့ခဲ့ရပါတယ်။

စခန်းဆေးပေးခန်းရဲ့ စာရင်းအရ စိတ်ကျဝေဒနာခံစားနေရသူ ခူးဌေးရယ်ရဲ့လက်ထဲမှာ သေနပ်ကိုင်ဆောင်ထားဆဲရှိပြီး အိမ်ခန်းထဲမှာ ပုန်းအောင်းနေတာဖြစ်တဲ့အတွက် အာဏာပိုင်တွေအနေနဲ့ အရှင်ဖမ်းဆီးနိုင်ဖို့ခက်ခဲနေတာလဲဖြစ်ပါတယ်။ လက်ရှိဆေးပေးခန်းမှာ ခူးဌေးရယ်လို စိတ်ကျဝေဒနာခံစားနေရသူတဦးရဲ့အခြေအနေမှာလဲ ဆိုးရွားနေတယ်လို့သိရပါတယ်။

ရပ်ကွက် ၁၃ရှိရပ်ကွက်သူရပ်ကွက်သားများမှာ မိမိအိမ်တွင် မနေထိုင်ရဲကြပဲ အခြားရပ်ကွက်များမှာ သိမ်းရှောင်နေကြရပြီး ရပ်ကွက်တွင်းရှိ မူလတန်းကျောင်းကိုလဲယနေ့ပိတ်ထားလိုက်ပါတယ်။

ကန္တာရ၀တီတိုင်း(မ်)
https://www.facebook.com/kantarawaddytimes
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment