ဘောလုံးကမ္ဘာမှာ ရော်နယ်ဒိုနဲ့ နေမာတို့လို ရုပ်ရည်အားကိုးနဲ့ပဲ နှုတ်ခမ်းနီ မလေးတွေကို ဆွဲဆောင်နိုင်စွမ်းရှိတဲ့ ကစားသမားတွေ ရှိနေတာ မဟုတ်ပါဘူး။သာမန် ရွက်ကြမ်းရည်ကြို ဆွဲဆောင်မှု လောက်သာ ရှိပေမယ့် ကွင်းအတွင်းမှာ အကောင်းဆုံး ခြေစွမ်းပြရင်း မိန်းမပျို လေးတွေကို ဆွဲဆောင်နိုင်သူတွေလည်း ရှိနေပါတယ်။ ဒီအထဲက တစ်ယောက် ကတော့ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီပါပဲ။ ဘာစီလိုနာ အသင်းနဲ့အတူ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို (၄)ကြိမ်ရယူထားနိုင်တဲ့ မက်ဆီကို အထင်ကြီး လေးစားစိတ်နဲ့ အားကျနေ ပါတယ်လို့ အတွင်းအ၀တ်အစား မော်ဒယ် အန်နာမာရီယာ ဆိုသူလေးက ထုတ်ဖော် ၀န်ခံလာလို့ပဲ ဖြစ်ပါတယ်။ မက်ဆီရဲ့အမာခံ ပရိသတ် တစ်ဦးဖြစ်တဲ့ ကိုလံဘီယာ နိုင်ငံသူ မာရီယာက ၂၀၁၅-၁၆ ဘောလုံးရာသီမှာ ဒီအာဂျင်တီးနား ကစားသမားက ကာတာလန် အခြေစိုက် အသင်းအတွက် ထူးခြားတဲ့ အောင်မြင်မှုတွေ ရယူပေးနိုင်လိမ့်မယ် လို့လည်း ယုံကြည်နေပြီး ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆုကိုပါ နောက်တစ်ကြိမ် ဆွတ်ခူး နိုင်လိမ့်မယ်လို့လည်း ဟောကိန်းထုတ်သွား ခဲ့တာပါ။
Source..http://www.messengernewsjournal.com/
0 comments:
Post a Comment