အိန္ဒိယနိုင်ငံက (၁၄)လအရွယ် သမီးငယ်လေးကို မြင်တွေ့ရသည်မှာ စိတ်နှလုံး ၀မ်းနည်းစရာ ဖြစ်ခဲ့သည်။ ဆင်းရဲသော မိသားစုမှ မွေးဖွားလာသည့် အပြင် ရောဂါကြောင့် သမီးငယ်လေးမှာ အရွယ်နှင့် မလိုက်အောင် ခံစားနေရသည်။ ပါမာအမည်ရ သမီးငယ်လေးမှာ ဦးနှောက်အတွင်း ရေအိတ်တည်သည့်ရောဂါ ရရှိနေခြင်း ဖြစ်သည်။ ယင်းကြောင့် ပါမာ၏ ဦးခေါင်းမှာ သာမန်ထက် သုံးဆကြီးနေပြီး ဖူးရောင်နေသော အရွယ်အစားမှာ (၂၃)လက်မအထိ ရှိကြောင်း သိရသည်။
ပါမာမှာ ခွဲစိတ်ကုသမှု ခံယူပါက ရောဂါပျောက်ကင်းမည် ဖြစ်သော်လည်း မိဘများ၏ ဆင်းရဲမွဲတေမှုကြောင့် မည်သည့် ကုသမှုကိုမှ ခံယူနိုင်ခြင်းမရှိပေ။ ဖခင်ဖြစ်သူ ဟီတက် (၂၂) နှစ်နှင့် မိခင်ဖြစ်သူ ရှာကန်တာလာ(၂၁) နှစ် တို့သည် ဂူဂျာရက် ပြည်နယ်ရှိ ရွာတစ်ရွာတွင် နေထိုင်ခြင်း ဖြစ်ပြီး တစ်လ၀င်ငွေမှာ ပေါင် ( ၆၀)ခန့်သာ ရှိသည်။ မိခင်ဖြစ်သူ ရှာကန်တာလာက သမီးဖြစ်သူသည် အရွယ်အစား ကြီးမားသော ဦးခေါင်းကြောင့် တစ်ချိန်လုံး လဲလျောင်းနေရကြောင်း၊ မည်သည့် အတွက်ကြောင့် ဖြစ်ရသည်ကို နားမလည်မိကြောင်း၊ သမီးငယ်လေး မွေးဖွားစတွင် ပျော်ခဲ့သော်လည်း ယခုဖြစ်ရပ်ကြောင့် အလွန်ဝမ်းနည်းကြောင်း၊ သမီးလေး ခံစားရမှုကို မကြည့်ချင်ကြောင်း ပြောကြားခဲ့သည်။ ဖခင်ဖြစ်သူ ဟီတက်ကလည်း သမီးဖြစ်သူကို ယခုလို မြင်တွေ့ရခြင်း အတွက် များစွာ ထိခိုက်ရကြောင်း ပြောကြားခဲ့သည်။ ပါမာသည် မွေးဖွားစဉ်က ကျန်းမာရေး ကောင်းမွန်ခဲ့သော်လည်း နှစ်လအကြာမှ ရောဂါခံစားခဲ့ရခြင်း ဖြစ်သည်။ ပါမာကို ဒေသတွင်း ဆေးရုံများကို သွားရောက် ပြသခဲ့သော်လည်း ဆရာဝန်များက ပိုမိုကောင်းမွန်သည့် ဆေးရုံများကို သွားရောက် ကုသသင့်ကြောင်း တိုက်တွန်းခဲ့သည်။ သို့သော် ငွေကြေး မရှိသောကြောင့် ကုသမှု မပြုလုပ်ခဲ့ရပေ။ ဆေးကုသမှု စရိတ်က ပေါင်(၁၀၀၀၀) အထိ ရှိနေပြီး နယူးဒေလီတွင် ဆေးကုသရန် စီစဉ်ထားပြီး အကူအညီများရရန် မီဒီယာများထံမှ တစ်ဆင့် အကူအညီ တောင်းခံထားကြောင်း သိရသည်။
Source...http://www.messengernewsjournal.com/
0 comments:
Post a Comment