သရုပ်ဆောင် တစ်ယောက်အဖြစ် ခိုင်ခိုင်မာမာ ရပ်တည်လာနိုင်တဲ့ နန်းဆုဦးက သရုပ်ဆောင်ဘက်ကို အခြားအရာတွေထက် ပိုပြီး လုပ်ဖြစ်နေတယ်လို့ ပြောပြခဲ့ပါတယ်။ “ညီမက အခုဆိုရင် သရုပ်ဆောင် ဘက်မှာတော့ နေရာလေးတစ်ခုလောက် ရနေပြီလို့ ထင်ပါတယ်။ အရင်တုန်းကတော့ ဂီတနဲ့အတူ လုပ်ဖြစ်တယ် ဂီတဆိုတာကလည်း သီချင်း ထုတ်ထုတ်ဖူးတာပေါ့နော်။ အခုတော့ အဲဒီဘက်ကို မလှည့်နိုင်တော့ဘူး။ သီချင်းဘက်ကိုလုပ်ရင် ဒီဘက်မှာ လျော့သွားမှာ စိုးလို့လေ။ ပြီးတော့ သရုပ်ဆောင်ဘက်မှာ ပိုလုပ်ဖြစ်တယ်။ အရင်ကလည်း လုပ်ထားဖူးတော့။ ဂီတကိုလည်း လုပ်ချင်ပါတယ်။ ပရော်ဖက်ရှင်နယ်လိုတော့ မလုပ်နိုင်ဘူးလေ အချိန်မှ မပေးနိုင်တာ။ တစ်ခါတလေ ကားရိုက်တဲ့အခါမှာ ညီမရဲ့ သီချင်းတွေကို သုံးဖြစ်ပါတယ်။ ကိုက်ညီရင်တော့ သုံးချင်တယ်ပြောရင် ပေးသုံးပါတယ်။ အခုလည်း ကားရိုက်တွေ ဆက်နေတယ်။ ရုပ်ရှင်ကားကြီးလည်း ရိုက်ဖို့ရှိသေးတယ်”လို့ နန်းဆုဦးက ပြောခဲ့ပါတယ်။ ဒါရိုက်တာ ညိုမင်းလွင်ရိုက်မယ့် ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားဖြစ်တဲ့ “Ananda,Rise of Notra” ဇာတ်ကားကြီးတွင် ပါဝင် သရုပ်ဆောင်ဖို့ ရှိတယ်လို့ သိရပြီး လက်ရှိမှာတော့ သရုပ်ဆောင် ကောင်းပြည့်နှင့်အတူ “RUN” ဗီဒီယို ဇာတ်ကား ရိုက်ကူးနေတယ်လို့ သိရပါတယ်။
Source..http://www.messengernewsjournal.com/
0 comments:
Post a Comment