အမေရိကန်နိုင်ငံက လူသန်းပေါင်းများစွာဟာ ဘက်တီးရီးယား သတ်ပေးတဲ့ လက်ဆေးဆပ်ပြာ၊ကိုယ်တိုက် ဆပ်ပြာထုတ်ကုန်တွေကို တစ်နှစ်ကို ဒေါ်လာ ၁ ဘီလီယံဖိုးလောက် အသုံးပြုနေကြတယ်လို့ ဆိုပါတယ်။
ဘက်တီးရီးယားသတ်ပေးတဲ့ ဆပ်ပြာတွေဟာ ရိုးရိုးဆပ်ပြာထက် ဘက်တီးရီးယား ပိုးမွှားရန်က ပိုမိုကာကွယ်မှုရတယ်လို့ ထင်ကြပေမယ့် တကယ်တမ်းတော့ ရိုးရိုးဆပ်ပြာနဲ့ ဘက်တီးရီးယားပိုး သတ်ဆပ်ပြာ တွေဟာ သိသာတဲ့ ကွာခြားမှု မရှိဘူးလို့ သိရပါတယ်။
ဘက်တီးရီးယားသတ် ဆပ်ပြာအများစုမှာ အတွေ့ များတဲ့ ရောဂါပိုးသတ်ရာမှာ ထိရောက်တဲ့ ဓာတုပစ္စည်း triclosan ရဲ့ ထိရောက်မှုကို ရောဂါပိုးမျိုး ၂၀ ကျော်နဲ့ ကိုရီးယားသိပ္ပံပညာရှင်တွေက စမ်းသပ်ကြည့်ခဲ့ပါတယ်။ Triclosan ဓာတုပစ္စည်းနဲ့ ထိတွေ့ ပြီး ကိုးနာရီကြာပြီးနောက်မှာ ဘက်တီးရီးယား ပိုးမွှားတွေကို အဆိုပါ ဓာတုပစ္စည်းက သိသိသာသာ သတ်ပေးနိုင်ပေမယ့် လက်ဆေးတာလိုမျိုး အချိန်ခဏလေးအတွင်းမှာတော့ ပိုးမွှားတွေကို ထိထိရောက်ရောက် မသတ်ပေးနိုင်ကြောင်း တွေ့ ရှိခဲ့ရပါတယ်။
ထို့ နောက်မှာ ရိုးရိုးဆပ်ပြာနဲ့ ပိုးသတ်ဆပ်ပြာတွေရဲ့ လက်က ပိုးမွှားသတ်နိုင်စွမ်းကို နှိုင်းယှဉ်လေ့လာခဲ့ရမှာလည်း ဆပ်ပြာနှစ်မျိုးရဲ့ ထိရောက်မှုက သိသိသာသာကွာခြားမှုမျိုး မရှိတာကို တွေ့ ရှိခဲ့ရပါတယ်။
Ref: Dailymail
Source:trend.com.mm
0 comments:
Post a Comment