သံပုယိုသီးတွေဟာ စူပါအစားအစာလို့ပြောတာ လျော့ပြီးပြောတာပဲ ရှိပါသေးတယ်။ ကြိုက်ရာ ဟင်းလျာမျိုးစုံကို အနံ့အရသာ ပြည့်စုံစေတင်မက ကျန်းမာရေး အကျိုးကျေးဇူးများစွာလည်း ဖြစ်ထွန်းစေပါတယ်။ သံပုယိုရည်မှာ flavonoids ခေါ် ရောဂါဘယနဲ့ အဖျားမျိုးစုံကို ကုသရာမှာ အသုံးဝင်တဲ့ အင်တီအောက်ဆီဒင်းတွေပါဝင်တယ်လို့ ဆိုပါတယ်။ သံပုယိုရဲ့ အကျိုးကျေးဇူးတွေမှာ…
(၁) ကျောက်ကပ်ကျောက်တည်ခြင်းမှ ကာကွယ်ပေး
နေ့တိုင်း သံပုယိုဖျော်ရည် ခွက်တစ်ပိုင်းသောက်ပေးတာ ဆီးအတွင်း citrate level ကို မြင့်တက်စေပါတယ်။ ကျောက်ကပ်မှာ ကျောက်တည်ခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း လေ့လာမှုများက ဖော်ပြထားပါတယ်။
(၂) လည်းချောင်းနာ သက်သာစေ
ပျားရည်နဲ့ သံပုရာယိုရည်ရောစပ်တာက လည်ချောင်းနာလို့ မသက်မသာဖြစ်ခြင်းကို ပြေပျောက်စေတယ်။
(၃) ကိုယ်အလေးချိန်ကျစေ
သံပုရာရည်မှာ pectin နဲ့ ပျော်ဝင်နိုင်သော အမျှင်ဓာတ်တစ်မျိုးပါဝင်တာကြောင့် ကိုယ်အလေးချိန်ကျဆင်းစေပါတယ်။
(၄) ကဖီးဓာတ်ပါတဲ့အရည်တွေကို အသာထားပြီး အစာခြေဖျက်မှု ကောင်းစေဖို့ ဗီတာမင်ဓာတ်ဖြည့်ဖို့ ရေနွေးနဲ့ သံပုယိုဖျော်ရည်နဲ့ တစ်နေ့တာ လုပ်ငန်းကို စတင်ပါ။
(၅) ယားယံမှု ကင်းစေ
ယင်းမှာ ယောင်ကိုင်းမှုနဲ့ ထုံဆေးအာနိသင်တွေပါဝင်တာကြောင့် နွယ်ပင် သို့မဟုတ် အင်းဆက်တွေ ကိုက်လို့ အဆိပ်သင့်တဲ့အခါ ဖြစ်တဲ့နေရာကို သံပုရာယိုရည်ပွတ်ပေးတာ သက်သာမှုရစေပါတယ်။
(၆) အစာခြေစနစ်အကူအညီဖြစ်စေ
သံပုရာရည်နဲ့ နှမ်းကြတ်စေ့ပေါင်းစပ်ပြီးသောက်တာ ခန္ဓာကိုယ်မှ အညစ်အကြေးများ ပိုမိုလျင်မြန်စွာ ရှင်းထုတ်ပေးပါတယ်။
(၇) ပိုတက်ဆီယမ်စွမ်းရည်
ဗီတာမင်-စီ အပြင် သံပုယိုတွေမှာ ခန္ဓာကိုယ်ကို ကြံ့ခိုင်သွက်လက်စေတဲ့ သတ္တုဓာတ် ၈၀ မီလီဂရမ်ရရှိစေတယ်။
(၈) ကိုယ်ပူကျစေ
ကိုယ်ပူတွေတက်တဲ့အခါ သံပုရာဖျော်ရည်သောက်ပါက အဖျားကို လျင်မြန်စွာ ကျစေနိုင်တယ်။
(၉) pH ဟန်ချက်ညီစေ
သံပုယိုမှာ အက်ဆစ်အချဉ်ဓာတ်များမယ့်ပုံပေါ်ပေမယ့် ခန္ဓာကိုယ်ရဲ့ pH ကို ဟန်ချက်ညီစေမယ့် အယ်လ်ကာလိုင်းအစားအစာတစ်မျိုးရဲ့ အရင်းအမြစ်ကြီးတစ်ခုဖြစ်ပါတယ်။
Ref: yourtango
Source:trend.com.mm
0 comments:
Post a Comment