Castro ညီအကိုနဲ့ ပုပ်ရဟန်းမင်းကြီးတွေ့ဆုံ


ကျူးဘားနိုင်ငံက တော်လှန်ရေးရင်ပြင်မှာ ဝတ်ပြုဆုတောင်းပေးနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်
Cuba နိုင်ငံ Havana မြို့မှာလုပ်တဲ့ ဝတ်ပြုဆုတောင်းပွဲမှာ အတွေးအမြင်တွေရဲ့အန္တရာယ်ကို သတိထားကြဖို့ Cuba ပြည်သူတွေကို ပုပ်ရဟန်းမင်းကြီး Francis က ပြောကြားခဲ့ပါတယ်။

မြို့တော်ဟာဘားနားရဲ့ သမိုင်းဝင် တော်လှန်ရေးရင်ပြင်မှာ စုဝေးနေကြတဲ့ ထောင်သောင်းချီတဲ့ ဝတ်ပြုဆုတောင်းသူတွေကို တနင်္ဂနွေနေ့ အစောပိုင်းက တရားဟောစဉ်မှာ ပုပ်ရဟန်းမင်းကြီးက ခုလို သတိပေးခဲ့တာဖြစ်ပါတယ်။
Pope Francis မဲ့ ကျူးဘားခေါင်းဆောင်ဟောင်း Fidel Castro (စက်တင်ဘာ ၂၀၊ ၂၀၁၅)
ပုပ်ရဟန်းမင်းကြီးက ဟာဘားနားမြို့မှာရှိတဲ့ ကျူးဘားနိုင်ငံ ခေါင်းဆောင်ဟောင်း Fidel Castro ကိုလည်း နေအိမ်မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံရာမှာ Castro ရဲ့ မိသားစုလည်း အတူရှိနေခဲ့ပြီး သူတို့နှစ်ဦးရဲ့ တွေ့ဆုံမှုဟာ အလွတ်သဘော ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြ တာ ဖြစ်တယ်လို့ Vatican နန်းတော်က ပြောဆိုပါတယ်။ သူတို့နှစ်ဦးဟာ စာအုပ်တွေနဲ့ ဘာသာရေးလက်ဆောင်ပစ္စည်းတွေ အပြန်အလှန် လဲလှယ်ခဲ့ကြပါတယ်။

နောက်ပိုင်းမှာတော့ ပုပ်ရဟန်းမင်းကြီး Fransis ဟာ Fidel Castro ရဲ့ညီဖြစ်သူ လက်ရှိသမ္မတ Raul Castro နဲ့ တွေ့ဆုံခဲ့ပါတယ်။

အခုအသံမလွှင့်ခင်လေးမှာတင်ပဲ ခရစ်ယာန်ဘုန်းတော်ကြီးတွေနဲ့အတူ ယဉ်ကျေးမှုစင်တာမှာ လူငယ်တွေကို တွေ့ဆုံပြီး တရားဟောကြားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment