AA နှင့် ဆက်စပ်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးထားသူ ၁၈ ဦးထဲမှ ၈ ဦးကိုရုံးထုတ်


 ရန်ကုန်၊ အောက်တိုဘာ ၇

 ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ရက္ခိုင့်တပ်မတော် ( Arakan Amy - AA) နှင့် ဆက်သွယ်မှုဖြင့် စွပ်စွဲ ဖမ်းဆီးထားသည့် လူပေါင်း ၁၈ ဦးထဲမှ ၈ ဦးကို အောက်တိုဘာလ ၆ ရက်နေ့က ကျောက်တော်မြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သည်။

“ ဟုတ်ပါတယ်ဗျာ။ ရခိုင်အဖွဲ့နဲ့ ဆက်စပ်မှု ရှိတယ်ဆိုပြီး ကျောက်တော်ရဲစခန်းမှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ လူပေါင်း ၁၈ ဦးအထဲက ၈ ဦးကို ကျောက်တော်မြို့နယ် တရားရုံးမှာ မနေ့က ရုံးထုတ်ခဲ့ပါတယ်” ဟု ကျောက်တော်မြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ ဒုရဲအုပ် ဌေးဇော်က နိရဉ္စရာသို့ ပြောဆိုသည်။

ရုံးထုတ်သူရှစ်ဦးထဲတွင် စောနိုင်၊ မောင်သန်းဝေ၊ ထွန်းဝင်း၊ ဦးဘမောင်နှင့် ထွန်းစိုးနိုင်တို့ပါဝင်သည်ဟု သိရသည်။

“ သူတို့ကို မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ တရားစွဲ ဆိုထားတာ ဖြစ်ပါတယ်။ အောက်တိုဘာလ ၇ ရက်နေ့မှာ လည်း နောက်ထက် နှစ်ယောက်ကို ရုံးထုတ်မှာ ဖြစ်ပါတယ်” ဟု ဒုရဲအုပ် ဌေးဇော်က ပြောသည်။

ရက္ခိုင့်တပ်မတော်နှင့် ဆက်စပ်မှု စွဲချက်ဖြင့် ယခုနှစ် ဧပြီလ အတွင်းက လူပေါင်း (၃၀) ကျော်ကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အချို့ကို ပြန်လွှတ်ကာ ကျန် လူပေါင်း ၂၀ ခန့်ကို ကျောက်တော်ရဲစခန်းသို့ လွဲပြောင်း ပေးခဲ့သည်။

ယင်းအထဲမှ မင်းပြားမြို့နယ် လဟာကျယ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမောင်ကို ရက္ခိုင့်တပ်မတော်နှင့် ဆက်စပ်သူများကို ကူညီထောက်ပံ့မှု ပုဒ်မ ၁၇ (၁)ဖြင့် လွန်ခဲ့သော စက်တင်ဘာလ ၂၈ ရက်နေ့က မင်းပြားမြို့နယ် တရားရုံးက အလုပ်နှင့် ထောင်သုံးနှစ် ချမှတ်ခဲ့သည်။

၎င်းထောင်ချမှုမှာ သက်သေအထောက်အထား ခိုင်လုံမှု မရှိဟု ဆိုကာ မြောက်ဦးခရိုင်တရားရုံးတွင် အယူခံ ၀င်သွားမည်ဖြစ်ကြောင်း သူ့အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသူ ရှေ့နေမကြီး ဒေါ်အေးနုစိန်က နိရဉ္စရာသို့ ပြောဆိုသည်။

( ဓာတ်ပုံ/ ကျော်မြင့်နိုင် Facebook)
Arakan State
https://www.facebook.com/NarinjaraNews
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment