ကမ်ဘရီယာနယ်အတွင်း ကာလစ်ဆယ် အရပ်တွင် ရှိသည့် ထိုစက်ရုံမှာ အာလူးများမှ ထွက်သည့် အလေအလွင့် အမှိုက်များကိုသုံးကာ ဇီဝလောင်စာအဖြစ် လုပ်ဆောင်ပြီး လျှပ်စစ်ဓာတ်အား ထုတ်ပေးခြင်း ဖြစ်သည်။ စက်မှာ ၎င်းတို့ကိုယ်ပိုင် တည်ဆောက်ထားခြင်း ဖြစ်ပြီး၊ ထိုစက်ဖြင့် လျှပ်စစ်မီးများ ထုတ်လုပ်ခြင်းလည်း ဖြစ်သည်။
စက်ရုံကို ဗုဒ္ဓဟူးနေ့တွင် ဖွင့်လှစ်ခဲ့ပြီးနောက် ထိုစက်ရုံမှ ဓာတ်အားမှာ တစ်နှစ်လျှင် (၃၅၀၀) မီတာဝပ်အား ထုတ်နိုင်မည် ဖြစ်ပြီး၊ နေအိမ်ပေါင်း (၈၅၀)ခန့်ကို လုံလောက်စွာ မီးပေးနိုင်မည် ဖြစ်ကြောင်း ဆိုသည်။ ထို့နောက်ပိုင်းတွင် အာလူးအခွံများဖြင့် လျှပ်စစ်ဓာတ်ထုတ်နိုင်သည့် မီးပေးစက်မှ တစ်နှစ်ဓာတ်အား ထုတ်လုပ်မှု (၅၀၀၀)မီတာဝပ်အား ရှိလာရန်လည်း မျှော်လင့်ထားသည်။
အဆိုပါ The Cavaghan and Gray ၏ မိခင်ကုမ္ပဏီဖြစ်ပြီး ဘာမင်ဟမ် အခြေစိုက်သည့် 2 Sisters Food Group ကလည်း ဗြိတိန်နိုင်ငံ တစ်ဝန်းရှိ ၎င်းတို့ စက်ရုံများတွင် ထိုသို့သော ဇီဝလောင်စာသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများ ထပ်မံ ဆောက်လုပ်သွားမည် ဖြစ်ကြောင်း ဆိုထားသည်။ အဆိုပါ ကုမ္ပဏီသည် နိုင်ငံပေါင်းစုံမှ လုပ်သားပေါင်း နှစ်သောင်း သုံးထောင်ကျော်ကို ခန့်အပ်ထားပြီး Fox’s Biscuits နှင့် Goodfella’s Pizza ကဲ့သို့သော လူကြိုက်များသည့် မုန့်များ ထုတ်လုပ်သည်။ ကာလစ်ဆယ်ရှိ အဆိုပါစက်ရုံမှာ တစ်နှစ်လျှင် ကာဘွန်ထွက်ရှိမှု တန်ချိန် (၃၅၀၀၀)ခန့်ကို ချွေတာနိုင်မည်ဟု မျှော်လင့်ထားပြီး ၎င်းတို့စက်ရုံမှာ ကမ္ဘာ့ပထမဆုံးပင် ဖြစ်ကြောင်း ဂုဏ်ယူနေကြသည်။
Source:Mirror
The Messenger

0 comments:
Post a Comment