ပေါင် (၁၀၀၀) နီးပါးရှိသော လူသား


မက္ကဆီကို နိုင်ငံသား မိုရီနိုသည် ကမ္ဘာ့ ကိုယ်အလေးချိန်အများဆုံး လူသားအဖြစ် သတ်မှတ်ထားကြသည်။ အသက် (၃၇) နှစ်အရွယ်ရှိ မိုရီနို၏ ကိုယ်အလေးချိန်သည် ပေါင် (၁၀၀၀) နီးပါး ရှိနေသည်။
      တိတိကျကျ ပြောရလျှင် ပေါင် (၉၆၀) ရှိနေသည်။ ပြီးခဲ့သည့် နှစ်များအတွင်း မိုရီနိုသည် အိပ်ရာထဲတွင်သာ လဲနေရပြီး အ၀လွန်ခြင်း အကျိုးဆက်ကြောင့် မကြာခဏ ဖျားနာခဲ့သည်။ ထို့ကြောင့် မိုရီနိုသည် အသက်ရှင်ရေးအတွက် ခွဲစိတ်မူ ပြုလုပ်ရန် စီစဉ်ခဲ့သည်။ မိုရီနိုကို တာဝန်ရှိသူများက အိမ်မှဆေးရုံသို့ ခေါ်ဆောင်ရာတွင် လူခုနှစ်ဦး အသုံးပြုခဲ့ရသည်။
      မိုရီနိုကို အစာအိမ်၏ (၇၀) ရာခိုင်နူန်းကို ခွဲစိတ်ရမည်ဖြစ်သည်။ ယင်းသို့ပြုလုပ်ရာတွင် အချိန်ကြာမြင့်မည် ဖြစ်ပြီး၊ အစာအိမ်ကို ချုပ်တည်းမူ ပြုလုပ်မည့်အပြင် အစားအစာကိုလည်း ကယ်လိုရီဖြင့် တွက်ချက် ကျွေးသွားမည်ဖြစ်သည်။  မိုရီနိုသည် အ၀လွန်နေသူ ဖြစ်သောကြောင့် ခွဲစိတ်ရာတွင် အခက်အခဲများစွာ ကြုံရဖွယ် ရှိနေသည်။ ခွဲစိတ်ခုတင်ကိုလည်း အထူးပြုလုပ်ရမည် ဖြစ်သည့်အပြင် အထောက်အကူပြု ပစ္စည်းများကိုလည်း ခက်ခဲစွာ ရှာဖွေရမည် ဖြစ်သည်။ မိုရီနိုကတော့ သူအနေဖြင့် အသက်ရှင်ခွင့် ရရေးအတွက် ဒုတိယ မျှော်လင့်ချက် ပေးသင့်ကြောင်း ပြောကြားခဲ့သည်။
      မိုရီနိုက မိမိအနေဖြင့် ဘ၀သစ်တွင် စိတ်သစ်လူသစ်ဖြင့်  နေထိုင်သွားလိုကြောင်း ပြောကြားခဲ့သည်။ မိုရီနိုသည် မွေးဖွားစတွင် (၁၃) ပေါင် ရှိခဲ့သည်။ အသက် (၁၀) နှစ် အရွယ်တွင်  (၂၆၄) ပေါင် ရှိခဲ့သည်။ အသက် (၁၀)နှစ်အရွယ်တွင် ကျန်းမာသန်စွမ်းသော သူသည် (၅၇) ပေါင်မှ ပေါင် (၁၀၀) အထိသာ ရှိသင့်သည်။ မိုရီနိုသည် ငယ်စဉ်ကတည်းက အ၀လွန်နေခြင်း ဖြစ်ပြီး၊ ယင်းကို ဂရုစိုက်ခြင်း မရှိခဲ့သောကြောင့် ယခုကဲ့သို့ ဖြစ်လာခြင်းဖြစ်သည်။ မိုရီနိုသည် မက္ကဆီကိုတွင် ဒုတိယမြောက် အ၀ဆုံး ဖြစ်ခဲ့သည်။ ယခင်စံချိန်တင်ထားသူမှာ  ယူရီဘီဖြစ်ပြီး  ကိုယ်အလေးချိန် ပေါင် (၁၂၀၀) ကျော်ရှိခဲ့သည်။  ယူရီဘီသည် အကူအညီ တောင်းခံပြီး ကိုယ်အလေးချိန် လျှော့ချခဲ့ရာတွင် ပေါင် (၄၀၀) ကျော် ကျသွားခဲ့သည်။ သို့သော် အကူအညီမပါဘဲ လူပ်ရှားသွား လာနိုင်ခြင်း မရှိဘဲ ပြီးခဲ့သည့်နှစ်တွင် သေဆုံးသွားခဲ့သည်။ မက္ကဆီကိုနိုင်ငံသည် ကမ္ဘာ့အ၀ဆုံးနိုင်ငံ၏ အဖြစ် သတ်မှတ်ခံထားရပြီး အ၀လွန်မူ နောက်ဆက်တွဲကြောင့် နှစ်စဉ် ဆီးချိုဖြင့် သေဆုံးရသူ (၈၀၀၀၀) ခန့် ရှိနေကြောင်း သိရသည်။
The Messenger
messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment