ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ မြေအောက်မီးရထား ဘူတာရုံများသည် အလွန်ညစ်ပတ်နေမည်ဟု ထင်ထားပါက အမှားကြီး မှားသွားဖြစ်သည်။ မော်စကိုမြို့ရှိ မီးရထား ဘူတာများ တည်ဆောက်ထားပုံသည် နန်းတော်များသဖွယ် ဖြစ်နေသောကြောင့် မြင်ရသူအပေါင်း အံ့အားသင့်စေမည် ဖြစ်ကြောင်း ကနေဒါ ဓာတ်ပုံဆရာ ဒေးဗစ်ဘာဒီနီက ပြောကြားခဲ့သည်။ ဒေးဗစ် ဘာဒီနီသည် မော်စကိုမြို့သို့ သွားရောက်ပြီး မီးရထားဘူတာများကို အချိန်ယူ ဓာတ်ပုံရိုက်ကူးခဲ့သည်။ ယင်းသို့ ရိုက်ကူးရာတွင် ဘူတာရုံအတွင်း လူမရှိသည့် အချိန်များကို ရွေးချယ်ခဲ့သည်။ ဘူတာရုံ၏ သန့်ရှင်းမှု၊ ကြီးကျယ်ခမ်းနားမှုကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ရန် ညအချိန် များကိုသာ ရွေးချယ်ခဲ့သည်။ ထို့ကြောင့် မော်စကိုရှိ ဘူတာရုံများ ခမ်းနားမှုကို အကောင်းဆုံး ပုံဖော်နိုင်ခဲ့သည်။ ရုရှားနိုင်ငံသည် စတာလင် လက်ထက် ၁၉၃၅ ကတည်းက မော်စကိုတွင် မြေအောက် မီးရထား ဘူတာများကို တည်ဆောက်ခဲ့သည်။ ယင်းသို့တည်ဆောက်ရာတွင် ကွန်မြူနစ် အငွေ့အသက်များ ပါအောင် ပြုလုပ်ခဲ့သည်။ ထို့ကြောင့် ဘူတာရုံများသည် အံ့အားသင့်စရာ ကောင်းလောက်အောင် ခမ်းနားနေခြင်း ဖြစ်သည်။ မော်စကိုရှိ မြေအောက်မီးရထားစနစ်ကို အသုံးပြုသော ခရီးသွားသည် တစ်နေ့ကို ကိုးသန်းခန့်ရှိသည်။ ၂၀၂၀ တွင် စတုတ္ထမြောက် အများဆုံး စီးနင်းသည့် မြေအောက် မီးရထားလမ်း ဖြစ်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
The Messenger
messengernewsjournal.com
The Messenger
messengernewsjournal.com
0 comments:
Post a Comment