သံချောင်းတွေပေါ် အိပ်ပြီး ဆိုင်ကယ်(၇၀) စီးကို ခန္ဓာကိုယ်ပေါ် ဖြတ်သန်းစေခဲ့


ကနေဒါ နိုင်ငံသားတစ်ဦးသည် အံ့အားသင့်စရာ ပြကွက်ကြောင့် ဂင်းနစ်စံချိန် မှတ်တမ်းဝင်သွားခဲ့သည်။ ယင်းပြကွက်ကို ကြည့်ရသူများအဖို့ ရင်ခုန်စရာ ဖြစ်ခဲ့သော်လည်း စတန့်သမား အော်ဘက်စ်ကမူ အပြုံးမပျက် လုပ်ဆောင်သွားခဲ့သည်။  ယင်းပြကွက်ကို ပြီးခဲ့သည့် တနင်္လာက ကနေဒါနိုင်ငံ ဗန်ကူးပါးမြို့တွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အောဘက်စ်သည် သံချောင်းများပေါ်တွင် လဲလျောင်း အိပ်စက်ပြီး နှစ်မိနစ်အတွင်း ဆိုင်ကယ်(၇၀) စီးကို ကိုယ်ပေါ်တွင် အမြန်ဆုံး ဖြတ်သန်းစေခဲ့သည့် စံချိန်ကို တင်ရှိခဲ့ခြင်း ဖြစ်သည်။
      ယခင်က ဆီမြွန်နီကာလာတီသည်  ၂၀၁၃ မေတွင်  ဆိုင်ကယ်(၃၁) စီး ဖြတ်သန်းစေပြီး ပြုလုပ်ခဲ့ဖူးသည်။ ယင်းကို အောဘက်စ်က အစီး(၇၀)ဖြင့် ချိုးဖျက်ပြခဲ့ခြင်း ဖြစ်သည်။ အော်ဘက်စ်သည် သံချောင်းပေါ်တွင် လဲလျောင်းအိပ်စက်ခဲ့ပြီး လက်တွင် ဆိုင်ကယ်များ ဖြတ်သန်းသွားလာနိုင်အောင် သံချောင်းများဖြင့် ပြုလုပ်ထားသော အရာတစ်ခုကို ကိုင်ဆောင်ထားသည်။ ယင်းနောက် ဒီတီဆိုင်ကယ် ( ၇၀) စီးက အော်ဘက်စ်အပေါ် ဖြတ်သန်းသွား ခဲ့ပြီး စုစုပေါင်းကြာမြင့်ချိန်မှာ နှစ်မိနစ် လောက်သာရှိခဲ့သည်။ အော်ဘက်စ်အနေဖြင့် စံချိန်တင် ပြကွက်ကို လုပ်ဆောင်ခဲ့သော်လည်း စိုးရိမ်ပူပန်မှုများ ရှိခဲ့ကြောင်း ၀န်ခံခဲ့သည်။
      အော်ဘက်စ်က မိမိအနေဖြင့် စိုးရိမ်ပူပန်မှုများစွာ ရှိခဲ့ကြောင်း၊ ယခုပြကွက်ကို အစ်ကိုဖြစ်သူနှင့် ပူးတွဲဆောင်ရွက်ခဲ့ခြင်းကြောင့် ယုံကြည်မှု အပြည့်ရှိခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
      ထို့အပြင် အော်ဘက်စ်က မိမိတို့အနေဖြင့် မည်သို့ ပြုလုပ်ရမည်ကို ကောင်းစွာသိရှိထားကြောင်း၊ မိမိအနေဖြင့် ကိုယ်ခန္ဓာထက် လက်ကို ပိုမိုအားပြုခဲ့ရကြောင်း၊  သို့သော်လည်း အန္တရာယ်မရှိ လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ နောက်တစ်ကြိမ်တွင် အရက်သောက်ပြီးမှ လုပ်ဆောင်နိုင်တော့မည် ဖြစ်ကြောင်း၊ ဆင်ခြေလျှောမှ ဆိုင်ကယ် ဖြတ်သန်းသွားချိန်တွင် အရေပြားများသည် စိုးရိမ်စရာ ဖြစ်ခဲ့ရကြောင်း၊ မိမိအတွက် အမှန်တကယ် စိုးရိမ်မှုနှင့် ကြုံခဲ့ရကြောင်း ပြောကြားခဲ့သည်။
The Messenger
messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment