| Add caption |
တီဗီခေတ်ကို တစ်ခတ်ဆန်းသစ် စေမည့် လိပ်လို့ရသော တီဗီမျိုး အယ်လ်ဂျီ ကုမ္ပဏီက ဇန်န၀ါရီတွင် ပွဲထုတ် မိတ်ဆက်ဖွယ် ရှိကြောင်း သတင်းများ ထွက်ပေါ် နေသည်။
အယ်လ်ဂျီသည် ဒေါ်လာသန်း (၉၀၀)ရင်းနှီးမြှုပ်နှံကာ ပျော့ပျောင်း၍ လိပ်လို့ရသော ရုပ်ထွက် ဖန်သားပြင်များ ထုတ်လုပ်မည့် စက်ရုံသစ် ကိုလည်း တည်ဆောက်နေပြီ ဖြစ်သည်။ ၂၀၁၇ ခုနှစ်က စတင်ကာ ထိုစက်ရုံကနေ ဖန်သားပြင်များ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး အယ်လ်ဂျီ၏ လက်ရှိစက်ရုံထက် လေးဆပိုများများ ထုတ်လုပ်နိုင်စွမ်း ရှိမည်ဖြစ်ကြောင်း သိရသည်။ Business Korea သတင်းမီဒီယာက ဖော်ပြချက်အရ အယ်လ်ဂျီသည် ဇန်န၀ါရီတွင် လာ့စ်ဗေးဂတ်စ်၌ ကျင်းပမည့် CES နည်းပညာပြပွဲတွင် တီဗီတစ်ခတ် ဆန်းသစ်စေမည့် လိပ်လို့ရသော တီဗီမျိုးကို မိတ်ဆက်တော့မည်ဟု သိရသည်။ တီဗီသည် လိပ်လို့ရသည့် အပြင် နံရံကပ် စက္ကူနီးပါးလည်း ပါးလွှာမည် ဖြစ်သည်။
လိပ်လို့ရအောင် ပါးလွှာသော မျက်နှာပြင် (၅၅)လက်မအရွယ် တီဗီသည် ပေါ့ပါးလွန်းသောကြောင့် နံရံကပ်စက္ကူကို သံလိုက်တုံးနှင့် ဖိကပ်ထားသလိုပင် နံရံမှာ ကပ်ထားနိုင်မည် ဖြစ်ကြောင်း Business Korea က ပြောသည်။
LG Electronics ၏ သတင်းထုတ်ပြန်ရေး တာဝန်ရှိသူကမူ ၂၀၁၆ ခုနှစ် CES ပွဲတွင် မည်သည့် ပစ္စည်းမိတ်ဆက် မည်ကို အတည်ပြု မပြောနိုင်သေးပါဟုသာ ဆိုထားသည်။
Source: Daily Mail
The Messenger
http://www.messengernewsjournal.com/
0 comments:
Post a Comment