အစ္စရေးအမျိုးသားကို ပါလက်စတိုင်း မိန်းကလေးငယ်က ဓားဖြင့်ထိုး (ရုပ်သံ)

အစ္စရေးနိုင်ငံ၊ ဂျေရုစလင်မြို့ဟောင်းမှာ အစ္စရေးအမျိုးသားတဦးကို ဓားနဲ့ထိုးခဲ့တဲ့ ပါလက်စတိုင်း မိန်းကလေးငယ်ဟာ သေနတ်နဲ့ပြန်လည်ပစ်ခတ်ခံရတာကြောင့် ဒဏ်ရာအပြင်းအထန် ရရှိသွားတယ်လို့ အစ္စရေးရဲတပ်ဖွဲ့က အောက်တိုဘာ ၇ ရက်နေ့က ပြောဆိုပါတယ်။
အသက် ၃၀ အရွယ် အစ္စရေးအမျိုးသားကတော့ ဓားဒဏ်ရာရရှိခဲ့ပြီး သူသေနတ်နဲ့ ပစ်လိုက်တဲ့ အသက် ၁၈ နှစ်အရွယ် ပါလက်စတိုင်းမိန်းကလေးငယ်ကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရက ဆိုပါတယ်။
ဂျေရုစလင်မြို့နဲ့ အစ္စရေးသိမ်းပိုက်ထးတဲ့ အနောက်ဘက်ကမ်းမှာ အခုလိုဓားထိုးမှု၊ တိုက်ခိုက်မှုတွေနဲ့ လူ ၈ ဦးသေဆုံးခဲ့ပြီး ဖြစ်ပါတယ်။
အောက်တိုဘာ ၅ ရက်နေ့က အနောက်ဘက်ကမ်းမှာ အစ္စရေးလုံခြုံရေးတွေနဲ့ ပဋိပက္ခဖြစ်ခဲ့တဲ့ ဆန္ဒပြပါလက်စတိုင်းလူငယ် ၂ ဦးနဲ့ ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါသေးတယ်။
သေဆုံးခဲ့တဲ့ လူငယ် ၂ ဦးထဲက ၁၃ နှစ်အရွယ်တဦးကို  မှားယွင်းပစ်ခတ်မိတာလို့ အစ္စရေးမီဒီယာတွေက ဖော်ပြကြပါတယ်။
ပြီးခဲ့တဲ့တပတ်ကတော့ အစ္စရေးဇနီးမောင်နှံ ၂ ဦးကို သေနတ်သမားတွေက ပစ်သတ်သွားကြပြီး ဟားမတ်အဖွဲ့ဝင် ၅ ဦးက သူတို့ သတ်ဖြတ်ကြောင်း ၀န်ခံထားတယ်လို့ အစ္စရေးရဲတပ်ဖွဲ့က ပြောပါတယ်။
DVB Burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment