တရုတ် စားသောက်ဆိုင်ပေါက်ကွဲ၊ လူ ၁၇ ဦး ဓာတ်ငွေ့အဆိပ်သင့်သေဆုံး (ရုပ်သံ)

တရုတ်နိုင်ငံအရှေ့ပိုင်းက စားသောက်ဆိုင်တဆိုင်မှာ အောက်တိုဘာ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက ဓာတ်ငွေ့အိုးယိုစိမ့်ပေါက်ကွဲမှုကြောင့် လူ ၁၇ ဦး ဓာတ်ငွေ့အဆိပ်သင့် သေဆုံးခဲ့တယ်လို့ သက်ဆိုင်ရာအာဏာပိုင်တွေက ပြောပါတယ်။
ရှန်ဟိုင်းမြို့ အနောက်ဘက် ၃၅၀ ကီလိုမီတာအကွာမှာ တည်ရှိတဲ့ အန်ဟွီခရိုင်၊ ၀ူဟူမြို့မှ စားသောက်ဆိုင်ထဲက ဓာတ်ငွေ့အိုးဟာ ယိုစိမ်နေခဲ့တာဖြစ်ပြီး မီးလောင်ပေါက် ကွဲခဲ့တာဖြစ်ပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ကနဦးစုံစမ်းမှုတွေအရ ပေါက်ကွဲမှုတခုတည်းကြောင့်သေဆုံးရတာမဟုတ်ပဲ သေဆုံးခဲ့သူ ၁၇ ဦးဟာ ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့ ပဆိပ်သင့်ပြီးသေဆုံးခဲ့ရတာလို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လကလည်း တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း တီယန်ကျင်းမြို့ က ဓာတုသိုလှောင်ရုံပေါက်ကွဲမှုကြောင့် မီးသတ်သမားတွေအပါအ၀င် လူပေါင်း ၁၆၀ သေဆုံးခဲ့ပါတယ်။
DVB Burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment