ဂွာ​တီ​မာ​လာ ​မြေ​ပြို​မှု ​လူ ၃၀၀ ​ကျော် ​ပိတ်​မိ​နေ​ဆဲ ​ဖြစ်​နိုင်


လူ ​အ​ယောက် ၃၀ ​ကို ​ကယ်​တင် ​ထား ​နိုင်​ပါ​တယ်။
ဂွာ​တီ​မာ​လာ ​မြို့​တော် ​အ​နီး ​ပြီး​ခဲ့​တဲ့ ​ကြာ​သာ​ပ​တေး ​နေ့ ​က ​ဖြစ်​ပေါ် ​ခဲ့​တဲ့ ​မြေ​ပြို ​မှု ​ကြောင့် ​အ​ခု ​ထက်​ထိ ​လူ ၃၅၀ ​လောက် ​ပိတ်​မိ ​နေ​နိုင်​တယ် ​လို့ ​ကယ်​ဆယ် ​ရေး ​အ​ဖွဲ့​တွေ ​က ​ပြော​နေ ​ပါ​တယ်။

အ​ခု ​ချိန်​ထိ ​အ​နည်း​ဆုံး ​အ​လောင်း ၅၅ ​လောင်း ​ကို ​ပြန်​လည် ​တူး​ဖော် ​ရ​ရှိ ​ခဲ့​ပြီး ​လူ ​အ​ယောက် ၃၀ ​ကို ​ကယ်​တင် ​ထား ​နိုင်​ပါ​တယ်။

အ​ခင်း ​ဖြစ်​ခဲ့​ရာ ​နေ​ရာ ​မှာ ​မိုး​ကြီး​ပြီး ​တောင်​နံ​ရံ ​ပြို​ကျ ​ခဲ့​တဲ့ ​အ​တွက် ​အိမ် ​အ​များ​အ​ပြား ​ဟာ ​တန်​ပေါင်း ​များ​စွာ​သော ​ကျောက်​တုံး ​ကျောက်​ခဲ ​တွေ​နဲ့ ​ရွံ့​မြေ ​တွေ ​အောက် ​နစ်​မြုပ် ​သွား​ခဲ့​ရ​တာ ​ဖြစ်​ပါ​တယ်။

ပိတ်​မိ ​နေ​သူ​တွေ ​တ​ချို့​ဟာ ​လက်​ကိုင် ​ဖုန်း​တွေ ​က​နေ ​တ​ဆင့် ​အ​ခု ​အ​ချိန်​ထိ ​စာ​ရေး​သား ​ဆက်​သွယ် ​နေ​သေး​တယ် ​လို့ ​သူ​တို့​ရဲ့ ​ဆွေ​မျိုး ​သား​ချင်း ​တွေ ​က ​ပြော​နေ​ကြ ​ပါ​တယ်။

BBC Burmese
http://www.bbc.com/burmese

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment