ကျေးလက်ဒေသများတွင် အလုပ်လက်မဲ့ဦးရေနှင့် ကုန်ဈေးနှုန်းများ မြင့်တက်လာနိုင်


 မုတ်သုန်မိုး အားကောင်းမှုနှင့် ဆိုင်ကလုန်း ကိုမန်တို့ကြောင့် ဇူလိုင်နှင့် သြဂုတ်လအတွင်း ဖြစ်ပွားခဲ့သည့် ရေလွှမ်းမိုးမှုများက လူ ၁.၆ သန်းကျော် အပေါ် သက်ရောက်မှုရှိခဲ့ပြီး ၁၃၂ ဦး သေဆုံးစေခဲ့သည်။ လယ်မြေ ဟက်တာ ၅ သိန်းကျော် ရေလွှမ်းမိုးခံခဲ့ရပြီး မွေးမြူရေးတိရစ္တာန် ၂ သိန်းခွဲ နီးပါး သေဆုံးခဲ့ရသည်ဟု ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (WFP) ၊ စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေး အဖွဲ့ချုပ် (FAO) တို့နှင့် မြန်မာအစိုးရ တို့၏ ပူးတွဲ ကြေညာချက်တွင် ဖော်ပြသည်။

FAO ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဘူသီလန်က “ဆုံးရှုံးမှု အားလုံးရဲ့ ထက်ဝက်က စိုက်ပျိုးမွေးမြူရေး ကဏ္ဍများဖြစ်ပြီး မိသားစု စားနပ်ရိက္ခာအတွက် စိုက်ပျိုးမွေးမြူရေးကို မှီခိုနေရတဲ့ ဒေသတွေဖြစ် ပါတယ်။ ဒီမိသားစုတွေရဲ့ လတ်တလော လိုအပ်ချက်ကို ချက်ချင်းဖြည့်ဆည်းပေး ရမှာဖြစ်ပြီး အနာဂတ် အခက်အခဲ တွေ ကို ကျော်လွှားနိုင်ဖို့အတွက် ခိုင်မာတဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ပြန်တည်ထောင်ပေးရပါမည်” ဟု ပြောကြားခဲ့သည်။

စပါးသည် နိုင်ငံ၏ အဓိက အရေးအကြီးဆုံး သီးနှံဖြစ်သော စုစုပေါင်း စိုက်ပျိုးမြေ၏ ထက်ဝက်ကျော် ဟက်တာ ၈ သန်းကျော်တွင် စိုက်ပျိုးလျက် ရှိသည်။ သာမန် အိမ်ထောင်စုများသည် ၀င်ငွေ၏ ၆၁ % ကို အစားအစာ အတွက် အသုံးပြုနေရပြီး ဆန်အတွက် အသုံးပြုမှုက အချိုးအစား ကြီးမားစွာ ပါဝင်သည်ဟု ကမ္ဘာ့ဘဏ်စာရင်းတွင် ဖော်ပြထားသဖြင့် ဆန်ဈေးမြင့်တက် လာပါက သက်ရောက်မှု ကြီးမားနိုင်သည်။

ရေလွှမ်းမိုးမှုကြောင့် နေအိမ်မှ တိမ်းရှောင်ထွက်ပြေဲး့ရသူ အများစုမှာ နေရပ်သို့ ပြန်လာနိုင်ပြီ ဖြစ်သော်လည်း ရာသီအလိုက် လုပ်ငန်းများ ပျက်စီးမှုကြောင့် အလုပ်အကိုင် ဆုံးရှုံးခြင်း၊ သယ်ယူပို့ဆောင်စရိတ် မြင့်မားမှုကြောင့် ကုန်ဈေးနှုန်း တက်ခြင်းတို့ကို ကြုံတွေ့နေရသည်။

ရေဘေးဒဏ်ခံခဲ့ရသည့် ရွာသူရွာသားများမှာ ရှင်သန်နိုင်ရန် ပိုင်ဆိုင်မှုများ ရောင်းချခြင်း၊ ချေးငွေရယူရခြင်းကို ပြုလုပ်နေရသည်။ ရေလွှမ်းမိုးမှုက ပင်လယ်စာ လုပ်ငန်းကိုလည်း ဆိုးဆိုးဝါးဝါး ထိခိုက်စေခဲ့သည်။ ငါးကန်နှင့် ပုစွန်ကန် ဟက်တာ သုံးသောင်း ခန့် ပျက်စီးခဲ့ပြီး ငါးဖမ်းလှေနှင့် ပိုက်များလည်း ဆုံးရှုံးခဲ့ရသည်ဟု ကြေညာချက်အစီရင်ခံစာတွင် ဖော်ပြသည်။

ရေလွှမ်းမိုးမှု အဆိုးဝါးဆုံး ကြုံတွေ့ခဲ့ရသည့် ဧရာဝတီ၊ ပဲခူး၊ မကွေး နှင့် စစ်ကိုင်း တိုင်းများ၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် လေ့လာမှု ပြုလုပ်၍ အစီရင်ခံစာ ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

ရေဘေးဒဏ်ခံ လယ်သမားများအတွက် မွေးမြူရေးတိရစ္တာန်များ၊ မျိုးစေ့များ ဓာတ်မြေသြဇာများနှင့် ပစ္စည်းကိရိယာများကို နိုင်ငံတကာ အဖွဲ့အစည်းများက ကူညီပေးရန် လိုအပ်နေသည်။ ထို့အပြင် လယ်မြေ၊ တူးမြောင်းများ၊ လမ်းများကို ပြန်လည်ပြုပြင်ရန် အကူအညီ လိုအပ်လျက် ရှိသည်။ ရေလွှမ်းမိုးမှုဒဏ်ခံခဲ့ရသည့် ပြည်သူ ၅၈၀,၀၀၀ ၏ လိုအပ်ချက် များကို ယခုနှစ်ကုန်အထိ ထောက်ပံ့ရန် ဒေါ်လာ ၇၅.၅ သန်း လိုအပ်မည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးရုံး (OCHA) က သြဂုတ်လတွင် ခန့်မှန်းထားသည်။

KHTun
Ref - Reuters
The Ladies News Journal
https://www.facebook.com/News.TheLadies

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment