တရုတ်နိုင်ငံ အလယ်ပိုင်း Taikang ဆေးရုံတွင် ကလေးငယ်တစ်ဦး ဆေးကုသရင်း သေဆုံးသွားမှုကို မကျေနပ်သော မိသားစုတစ်စုသည် ဆရာဝန်နှင့် သူနာပြုတို့ကို ရိုက်နှက်၍ အရှက်ခွဲမှု ပြုလုပ်ခဲ့သည်။ ဆရာဝန်တစ်ဦးနှင့် သူနာပြုတစ်ဦးတို့သည် လူမြင်ကွင်းတွင် သေဆုံးသွားသော ကလေးငယ်၏ ရုပ်အလောင်းကိုကိုင်ပြီး မတ်တတ်ရပ်ကာ အပြစ်ပေးခဲ့ခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်ကို တာဝန်ရှိသူများက စုံစမ်းနေကြပြီး ဆရာဝန်နှင့် သူနာပြုကို ရိုက်နှက် အရှက်ခွဲခဲ့သော မိသားစုကို ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။
ကလေးငယ်၏ အမည်မှာ ယာအိုယာအိုဖြစ်ပြီး ဆေးရုံသို့ ရောက်ရှိလာပြီးနောက် ဆေးကုသမှု မှားယွင်းမှုကြောင့် သေဆုံးသွားခြင်း ဖြစ်သည်ဟု မိသားစုဝင်များက ယုံကြည်ခဲ့ကြသည်။ ထို့ကြောင့် ဆေးရုံ တာဝန်ရှိသူများကို ကြိမ်းမောင်းမှုများ ပြုလုပ်ခဲ့သည်။ ယင်းဖြစ်ရပ်ကို ဆေးရုံရှိ စီစီတီဗွီ ကင်မရာများဖြင့် ဖမ်းယူနိုင်ခဲ့သည်။ ဆေးရုံ တာဝန်ရှိသူများကမူ မည်သည့် အမှားအယွင်းမျှ လုပ်ခဲ့ခြင်း မရှိကြောင်း ဖြေရှင်းခဲ့သည်။ ယင်းဖြစ်ရပ်ကို ရဲတပ်ဖွဲ့က စုံစမ်းသွားမည်ဖြစ်ပြီး သေဆုံးသွားသော ကလေးငယ်၏ ဖခင်နှင့် အဒေါ်တို့ကို ဖမ်းဆီးထားကြောင်း သိရသည်။
The Messenger
0 comments:
Post a Comment