ရုရှားတွင် မန်ဒရင်း ဘာသာစကား လူကြိုက်များ ခံနေရ



မော်စကို
လူလူငြိမ်း
          ရုရှားနိုင်ငံရှိ ကျောင်းသားများကြားတွင် တရုတ် မန်ဒရင်း ဘာသာစကား လူကြိုက်များ ခံနေရကြောင်း သိရသည်။
          ရုရှားရှိ ကျောင်းသား (၅၀၀၀) ခန့်သည် အထက်တန်းကျောင်းတွင် မန်ဒရင်း ဘာသာကို သင်ယူနေကြကြောင်း ရုရှား အစိုးရ၏ စာရင်းအင်းများတွင် ဖော်ပြထားသည်။ မန်ဒရင်းဘာသာ လူကြိုက်များလာသဖြင့် အာဏာပိုင်များသည် ကောလိပ်ဝင်ခွင့် စာမေးပွဲများတွင် ရွေးချယ်ရမည့် ဘာသာများ စာရင်း၌ မန်ဒရင်းဘာသာကိုပါ ထည့်သွင်းရန် စီစဉ် နေကြပြီ ဖြစ်သည်။
          အရှေ့တိုင်းပညာ လေ့လာရေးတွင် ကျောင်းသားများသည် ဘာသာစကားသစ်များကို လေ့လာသင်ယူကြရရာ မန်ဒရင်း ဘာသာစကားအား သင်ယူသူများ နှစ်စဉ် နှစ်တိုင်း တိုးပွားလာခဲ့ကြောင်း မော်စကိုရှိ ဘောဂဗေဒ ကောလိပ်၏ ဒုတိယကျောင်းအုပ်ကြီး အန်ဒရေ ဘီလော့ဗ်က ပြောသည်။
          မော်စကိုရှိ စာသင်ကျောင်း (၁၄) ခု တွင် မန်ဒရင်း ဘာသာစကားကို သင်ကြားမှုများ ရှိနေပြီး အရှေ့ဖျားဒေသတွင်လည်း ယင်းကဲ့သို့ စာသင်ကျောင်း တစ်ဒါဇင်ကျော် ရှိနေသည်။
          ရုရှားနှင့် တရုတ် ပူးပေါင်း လုပ်ဆောင်မှု များပြားလာသည်နှင့် အမျှ ဘာသာပြန်သူများ၊ စကားပြန်များကို ပိုမို လိုအပ် လာမည် ဖြစ်ရာ တရုတ်ဘာသာ စကားကို တတ်မြောက်ထားခြင်းဖြင့် အကျိုး မယုတ်နိုင်ကြောင်း ဘောဂဗေဒ ကောလိပ်တွင် သင်ယူနေသည့် ကျောင်းသူ အဲကာထရီနာ အာခီပိုဗာက ပြောဆိုခဲ့သည်။
          “စာသင်ကျောင်းမှာ နိုင်ငံခြားဘာသာ စကားသစ် တစ်ခုသင်တာဟာ ကမ္ဘာသစ် တစ်ခုကို ၀င်ရောက်ဖို့ လမ်းပြပေးလိုက်တာနဲ့ အတူတူပါပဲ”ဟု သင်ကြားမှု စနစ်ဆိုင်ရာ ဌာန၏ အကြီးအကဲ အီဗင်ယာချန်ကိုက ပြောဆိုခဲ့သည်။
          အရှေ့သို့ ဗျူဟာ ပြောင်းလဲခြင်း အစီအစဉ် အရ ရုရှားအစိုးရသည် မန်ဒရင်း ဘာသာစကား အပေါ် စိတ်ဝင်စားမှု များပြားလာခြင်းကို ထောက်ခံနေသည်။ တရုတ် ဘာသာစကား တတ်မြောက်ခြင်းကြောင့် အလုပ် အကိုင်သစ်နှင့် အခွင့်အလမ်းသစ်များကို ရရှိ လာမည် ဖြစ်ကြောင်း ရုရှားဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်ဗ်က ပြောဆိုခဲ့သည်။
Source:CAN
The Messenger
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment