အီရန် ခင်ပွန်းသည်များ ကျား/မ တန်းတူညီမျှရေးလှုပ်ရှား



တီဟီရန်
လူလူငြိမ်း
                အီရန်ရှိ ခင်ပွန်းသည်များသည် ကျား/မတန်းတူညီမျှမှုရှိရေးကို အားပေးကြောင်း ပြောဆိုသည့် ရေးသားဖော်ပြမှုများ၊ ဓာတ်ပုံများကို အွန်လိုင်းတွင် ဖော်ပြခြင်းဖြင့် လှုပ်ရှား ဆောင်ရွက်မှုများကို ပြုလုပ် နေပြီ ဖြစ်ကြောင်း သိရသည်။
               အီရန်အမျိုးသမီး ဘောလုံးအသင်း ခေါင်းဆောင် နီလိုဖာ အာဒါလန် သို့မဟုတ် လေဒီဂိုးလ်က ခင်ပွန်းဖြစ်သူက ပြည်ပသို့ သွားရောက်ခွင့် မပေးသောကြောင့် မလေးရှားတွင် ကျင်းပမည့် ဘောလုံးပွဲတွင် ပါဝင် နိုင်တော့မည် မဟုတ်ကြောင်း လွန်ခဲ့သောလတွင် ပြောဆိုခဲ့သည်။
                 အီရန်တွင် လက်ထပ်ပြီးစ ဇနီးမောင်နှံများသည် လက်ထပ်စာချုပ် တစ်ခုကို လက်မှတ်ရေးထိုး ရလေ့ရှိရာ ယင်းစာချုပ်တွင် ဇနီးဖြစ်သူ ပြည်ပသို့ သွားခွင့် ရှိ၊ မရှိ၊ မိသားစုမှာ မည်သည့်အရပ်တွင် နေထိုင်မည်၊ ဇနီးဖြစ်သူ အလုပ်လုပ်ခွင့် ရှိမရှိ၊ ဇနီးဖြစ်သူ ကွာရှင်းခွင့် မရှိတို့နှင့် ပတ်သက်ပြီး ခင်ပွန်းတွင် ဆုံးဖြတ်ချက် ချမှတ်ပိုင်ခွင့် ရှိနေကြောင်း ဖော်ပြထားသည်။ ခင်ပွန်းဖြစ်သူ အားကစား သတင်းထောက် မာဒီတိုတွန်ချီက သားဖြစ်သူ၏ ပထမဆုံး ကျောင်းတက်မည့် နေ့တွင် ၎င်းကို နိုင်ငံတွင်း ရှိနေစေချင်ကြောင်း ပြောဆိုခဲ့သည်ဟု ဘောလုံး အသင်းခေါင်းဆောင် အာဒါလန်က ပြောဆိုခဲ့သည်။
            သို့သော် ခင်ပွန်းများသည် လက်ထပ် စာချုပ်ကို ပြင်ဆင် ဖြည့်စွက်ခွင့်လည်း ရှိနေပြန်သည်။ အာဒါလန်၏ ဖြစ်ရပ်ကြောင့် အီရန်နိုင်ငံသား အမျိုးသား တချို့သည် ကျား/မ တန်းတူညီမျှမှုကို အားပေးကြောင်း ပြောဆိုသည့် ရေးသားမှုများနှင့် ဓာတ်ပုံများကို ဖေ့စ်ဘွတ်ခ်ကဲ့သို့ လူမှုမီဒီယာများတွင် ဖော်ပြခဲ့သည်။
         အမျိုးသားတချို့ကလည်း ဇနီးဖြစ်သူများအား အခွင့်အရေး အားလုံး ပြန်လည် ပေးအပ် ခဲ့ပြီး ဖြစ်ကြောင်း အွန်လိုင်းတွင် ရေးသားခဲ့သည်။ အမျိုးသားတစ်ဦးက “ကျွန်တော်က က၊ွန်တော့်ဇနီးရဲ့ ပိုင်ရှင် မဟုတ်ဘူး၊ လက်တွဲဖော်သာဖြစ်ပါတယ်” ဟု ရေးသား ခဲ့သည်။ အမျိုးသားတချို့ကလည်း ပြင်ဆင် ဖြည့်စွက်ထားသည့် လက်ထပ် စာချုပ်များကို အွန်လိုင်းတွင် ဖော်ပြခဲ့သည်။
Source:BBC    
The Messenger
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment