ဇနီးဖြစ်သူကို ကျောပိုးပြီးပြိုင်ရတဲ့ ကုန်းပိုးပြိုင်ပွဲ (ရုပ်သံ)

အမေရိကန်နိုင်ငံမှာ မိမိဇနီးမယားကို လင်ယောက်ျားကကျောပိုးပြီး ပြိုင်ရတဲ့ ကုန်းပိုးပြိုင်ပွဲကို အောက်တိုဘာလ ၁၀ ရက်နေ့က ကျင်းပခဲ့ပါတယ်။
၁၆ ကြိမ်မြောက်ကျင်းပတဲ့ ဒီပြိုင်ပွဲကို ဖလော်ရီဒါ၊ တောင်ကယ်ရိုလိုင်းနား၊ ကော်လိုရာဒိုဒေသတွေက စုံတွဲပေါင်း ၃၀ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာပါ။
အဲဒီပြိုင်ပွဲကို မိန်းပြည်နယ် ဆန်းဒေးမြစ်အနီးက မြက်ခင်းဖုံးတောင်စောင်းတွေ ပေါ်မှာ ကျင်းပတာဖြစ်ပြီး နှစ်စဉ် စုံတွဲပေါင်း ၅၀ ထက်မနည်း ပါဝင်ယှဉ်ပြိုင်ကြတာပါ။
အခက်အခဲ အတားအဆီးပေါင်း  ၂၇၈ ခုကို ဖြတ်ကျော်နိုင်မှ အဲဒီချန်ပီယံဆုကို ရရှိတာဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်သူအမျိုးသားရဲ့ ကိုယ်အလေးချိန်နဲ့ညီမျှတဲ့ ဘီယာနဲ့ ဆု ကြေးငွေကို ချီးမြှင့်တာဖြစ်ပါတယ်။
ဒီနှစ်မှာတော့ နယူးဟမ့်ရှိုင်းယားပြည်နယ်၊ လက်ဘနွန်မြို့မှ ဆမ်ဘာကလေ နဲ့ စတက်ဖ်ရိတ်ဂတ်တို့စုံတွဲက ကြာချိန် ၁ နာရီ ၅ မိနစ် ၃၀ စက္ကန့်နဲ့ ဆွတ်ခူးရ ရှိခဲ့ကြပါတယ်။
သူတို့စုံတွဲအတွက် ဒါဟာပထမအကြိမ်ယှဉ်ပြိုင်ဖူးတာဖြစ်ပြီး မနှစ်ကပြိုင်ပွဲမှာ ဒု တိယရရှိခဲ့တဲ့ မိန်းပြည်နယ်၊ ပို့တ်လန်းမြို့မှမိုက်ခ်ကရက်စ်နဲ့ အန်နာလီနာရှနိုက်ဒါတို့ စုံတွဲက ကြာချိန် ၁ နာရီ ၁၀ မိနစ် ၇ စက္ကန့်နဲ့ ခုနှစ်မှာလည်း ဒုတိယဆုကို ရရှိခဲ့ပါတယ်။
DVB Burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment