ပါတီမဲဆွယ်လျှင် ကျောင်းတိုက်မှ နှင်ထုတ်မည်




အမရပူရ မြို့နယ်၊ ပန်းဘဲတန်းရပ်ရှိ မဟာဂန္ဓာရုံ ကျောင်းတိုက်မှ သံဃာများအား ပါတီမဲဆွယ်မှု ပြုကျင့်လျှင် ကျောင်းတိုက်မှ နှင်ထုတ် သွားမည်ဟု ၎င်းကျောင်းတိုက် မဟာနာယကချုပ် အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဌဂုရု ဘဒ္တဣန္ဒော ဘာသာဘိဝံသ ဆရာတော်က မိန့်ကြားသည်။ ဆရာတော်က တပည့် သံဃာတော် များအား အောက်တိုဘာလ(၃)ရက်နေ့ နံနက်ခင်း သြ၀ါဒ အချိန်၌ မိန့်ကြားခဲ့သည်။ ဆရာတော်က တပည့်သံဃာတော် များကို မည်သူမည်ဝါက ပါတီမဲဆွယ် နေသည်ကို တိုက်ရိုက် မပြောဘဲ နံနက်ခင်း သြ၀ါဒ အချိန်၌ မိန့်ကြားခဲ့ခြင်း ဖြစ်သည်။ ““ကျောင်းတိုက်မှာ သီတင်းသုံးနေသော သံဃာတော် များသည် ဟိုပါတီ အတွက် မဲဆွယ်၊ ဒီပါတီအတွက် မဲဆွယ်မှု ပြုလုပ်ရင်၊ ပြုလုပ်ပါက ကျောင်းတိုက်မှ နှင်ထုတ်တဲ့ အထိ အရေးယူသွားမည်””ဟု ဆရာတော်က မိန့်ကြားခဲ့သည်။

ဆရာတော်က သြ၀ါဒ ပေးနေချိန်၌ ယင်းကဲ့သို့ သတိပေးရခြင်းမှာ အောက်တိုဘာလ (၁) ရက်နေ့တွင် ကျောင်းတိုက်မှ ဆရာတော် တစ်ပါးက “လူထုသို့ အသိပေးခြင်း” ခေါင်းစဉ်ဖြင့် ထုတ်ဝေလိုက်သော စာတစ်စောင်ကြောင့် ယခုလို သတိပေးရ ခြင်းဖြစ်သည်။ မဟာဂန္ဓာရုံ ကျောင်းတိုက် ထဲတွင် သံဃာအပါး(၁၂၀၀)ကျော် သီတင်း သုံးနေထိုင် နေကြသည်။
The Messenger
messenger news journal.com

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment