သေသွားတဲ့ကြောင်ကို ဒရုန်းလေယာဉ်အဖြစ် ပြောင်းခဲ့တဲ့သူက ယခုအခါ နွားရဟတ်ယာဉ် လုပ်ဖို့  စီစဉ်နေ



Bart Jansen ဆိုတာ ဒတ်ခ်ျလူမျိုးအနုပညာရှင်တစ်ယောက်ဖြစ်ပြီး သိပ်မကြာသေးခင်က သေသွားတဲ့ သူ့ ကြောင်ရဲ့ အတွင်းကလီစာတွေကို ထုတ်ပြီး ကြောင်ဒရုန်းလေယာဉ်လုပ်ခဲ့သူဖြစ်ပါတယ်။

ဒီ ရီမုတ်ကွန်ထရိုးကြောင်သေဟာ Janses တီထွင်နိုင်စွမ်းရဲ့ အမြည်းသဘောမျိုးသာဖြစ်သေးပြီး အခုအခါမှာ သူဟာ ပိုမိုကြီးမားပြီး ပိုမိုက်တဲ့ ထူးဆန်းထွေလာတီထွင်မှုတစ်ခုနဲ့ ပြန်လာပါပြီ။ ဒါကတော့ နွားဟယ်လီ ကော်ပတာဖြစ်ပါတယ်။ နွားသေကနေ လုပ်မယ့် ရဟတ်ယာဉ်ပါတဲ့။

Jansen ဟာ သူ့ ရဲ့ သူငယ်ချင်း၊ အင်ဂျင်နီယာ Arjen Beltman ရဲ့ အကူအညီကို ရယူပြီး၊ သူတို့ နှစ်ဦးစားဟာ လူတ်စယောက်စီးနင်းလိုက်ပါနိုင်တဲ့ တိရိစ္ဆာန်အကောင်ကြီးတစ်ကောင်ပုံစံ လေယာဉ်ကို တီထွင်ဖို့  လုပ်ဆောင်နေကြပါ တယ်။ “ နွားဆိုရင်တော့ လူတစ်ယောက်ဆန့် မှာပဲ။ ဒါကြောင့် နွားကလည်း ရွေးစရာအကောင်တွေထဲက တစ်ကောင်ပဲ။ တကယ်တမ်းလည်း ကျွန်တော်တို့ နွားကိုပဲ သုံးဖြစ်သွားနိုင်ပါတယ်” လို့ Jansen က Business Insider ၀က်ဘ်ဆိုဒ်က ပြောကြားခဲ့ပါတယ်။

၂၀၁၂ ခုနှစ်တုန်းက၊ Jansen ဟာ သူ့ ရဲ့ အိမ်မွေးကြောင်လေး Orville သေဆုံးသွားပြီးနောက် ကြောင်သေ ကို ရေခဲသေတ္တာထဲ ခြောက်လကြာ ထည့်သိမ်းကာ၊ Orville ရဲ့ ကိုယ်ထဲ စက်တွေ ထည့်တပ်ကာ၊ ခြေလက် လေးချောင်းစီ မှာ ဒလက်လေးခုလေး တပ်ပြီး ကြောင်သေကို ပျံအောင်လုပ်ခဲ့ပါတယ်။
TrendMyanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment