အင်အားပြင်းမုန်တိုင်းကြောင့် ပြင်သစ်တွင် လူ ၁၆ ဦး သေဆုံး

French Storm


ပြင်သစ်နိုင်ငံ၊ အရှေ့တောင်ပိုင်းမှာ အောက်တိုဘာလ ၄ ရက်နေ့က အင်အားပြင်းမုန်တိုင်း ၀င်ရောက်တိုက်ခတ်ခဲ့လို့ ညတွင်းချင်း ရေကြီးရေလျှံ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အနည်းဆုံးလူ ၁၆ ယောက် သေဆုံးပြီး ၃ ယောက် ပျောက်နေတယ်လို့ ပြင်သစ် သမ္မတ ဖရန်ဆွား အူလွန်းဒ် ကပြောဆိုပါတယ်။
အီတလီနဲ့ နယ်စပ်နားက ပြင်သစ်ရဲ့ မြေထဲပင်လယ် ကမ်းရိုးတန်း အစွန်းမှာ ရှိတဲ့ မုန်တိုင်းသင့် ပြင်သစ် ရီဗေရာ French Riviera ဒေသကို သွားရောက် ကြည့်ရှုစဉ် သမ္မတက ခုလို ပြောလိုက်တာပါ။
သေဆုံးသူ အရေအတွက်က နောက်ဆုံးရ ကိန်းဂဏန်း မဟုတ်သေးဘူးလို့လည်း ပြောပါတယ်။ သေဆုံးသူတွေထဲ က ၃ ဦးကတော့ ဘိုးဘွားရိပ်သာက သက်ကြီးရွယ်အိုတွေပါ။ သူတို့ဘိုးဘွားရိပ်သာထဲ ရေလွှမ်းခဲ့လို့ပါ။ နောက်ထပ် ၃ ဦးကတော့ သူတို့စီးနင်း လာတဲ့ကားဟာ လှိုင်ဂူထဲ ရေတက်လာပြီး ပိတ်မိသွားလို့ဖြစ်ပါတယ်။
သမ္မတဟော်လန်က ရေဘေးကယ်ဆယ် နေရာချထားရေးဆောင်ရွက်နေသူတွေကို ကျေးဇူးတင်ရှိကြောင်း ပြောဆိုခဲ့ပြီး ရေဘေးသင့်ပြည်သူတွေနဲ့ ညီညွတ်ရေးတိုက်တွန်းခဲ့ ပါတယ်။ ရုပ်ရှင်လုပ်ငန်းတွေကြောင့် နာမည်ကြီးတဲ့ ကိန်းစ်မြို့မှာ ၃နာရီအတွင်း မိုးရေချိန်  ၇.၁ လက်မထိ ရွာချခဲ့တာပါ ဒါကြောင့် ကိန်းစ် ဗယ်လောင်းရစ်နဲ့ ဘီရို့ထ်ရွာတွေမှာ ရေကြီးခဲ့ပါတယ်။
နီးစ်မြို့မှာတော့ မုန်တိုင်းဝင်ရောက်ခဲ့တဲ့ ၂ ရက်အတွင်း တနှစ်တာ မိုးရေချိန်ရဲ့ ၁၀ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။ ဒါကြောင့် အောက်တိုဘာ ၃ ရက်ညနေတည်းက လေကြောင်းခရီးစဉ်တွေ ပြောင်းထားရပါတယ်။ ရေလွှမ်းမိုးမှုကြောင့် A8 အဝေးပြေး လမ်းမကြီးရဲ့ ဒေသတွင်း လမ်းပိုင်း ပြတ်တောက်ခဲ့ရပါတယ်။ အိမ်ခြေ ထောင်နဲ့ချီပြီး လျှပ်စစ်မီး မရှိဘဲ နေခဲ့ရပါတယ်။
DVB Burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment