ဂင်းနစ်မှတ်တမ်းဝင် ကမ္ဘာ့လက်သည်းအရှည်ဆုံး လူသား (ရုပ်သံ)

အိန္ဒိယနိုင်ငံသားတဦးဟာ ၁၉၅၂ ခုနှစ်ကတည်းက လက်သည်းအရှည်ကိုမညှပ်ပဲ ထားခဲ့ပြီး ကမ္ဘာ့လက်သည်းအရှည်ဆုံးလူသားအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းမှာ စာရင်းဝင်ခဲ့တယ်လို့ ဒေးလီးမေရာသတင်းမှာ ဖော်ပြပါတယ်။
ရှရီဒါချီရယ်လ်အမည်ရ အသက် ၇၈ နှစ်အရွယ် အဲဒီအဖိုးအိုရဲ့ လက်သည်းအ ရှည် စုစုပေါင်းဟာ ၉၀၉ ဒဿမ ၆ စင်တီမီတာရှိပြီး သူ့ရဲ့လက်မလက်သည်းတခုတည်း တင် ၂ မီတာအရှည်ရှိပါတယ်။
အဲဒီလက်သည်းရှည်တွေကြောင့် သူ့ရဲ့ငယ်ဘ၀မှာ အခက်အခဲတွေရှိခဲ့တယ်လို့ ရှရီဒါချီရယ်လ်က ပြောပါတယ်။
“လက်ထပ်ဖို့ မိန်းကလေး ၁၀ ယောက်ကနေ ၁၂ ယောက်ထိ တွေ့ခဲ့ပေမယ့် တ ယောက်မှ ကျနော့်ကို လက်မထပ်ချင်ကြဘူး။ လက်ထပ်ချင်တဲ့ မိန်းကလေးကျတော့ သူ့မိဘတွေက လက်သည်းတွေနဲ့ လည်ပင်းညှစ်သတ်လိမ့်မယ်ပြောကြပြီး မိဘတွေက သဘောတူကြတဲ့ မိန်းကလေးတွေကျတော့လည်း ဒီလိုညစ်ပတ်တဲ့ သူနဲ့လက်မထပ်နိုင် ဘူးလို့ပြောကြတယ်။”
အဲဒီလို လက်သည်းအရှည်ထားတာကို သူ့မိဘတွေရော ဆရာတွေကပါမနှစ် သက်ကြပဲ သူ့ရဲ့နေ့စဉ်နေထိုင်မှုဘ၀မှာပါ ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ရှရီဒါချီရယ်လ်က ပြောပါတယ်။
“မိသားစုဝင်တွေက လုံးဝမကြိုက်ပါဘူး။ ဘယ်သူကမှ ကျနော့်အ၀တ်တွေကို မ လျှော်ပေးခဲ့ဘူး။ ကိုယ်တိုင်လျှော်ခဲ့ရတယ်။ အလုပ်ရှာတဲ့နေရာမှာလည်း အခက်အခဲတွေ ရှိခဲ့တယ်။ ဘယ်သူမှ ကျနော့်ကို အလုပ်မပေးချင်ကြဘူး။ ခုတော့ ကျနော် ဒီမှတ်တမ်း ၀င်သွားတဲ့အတွက် ဂုဏ်ယူနိုင်ပါပြီ။ ကျနော်ခရီးသွားတဲ့အခါ လူတွေက ဂင်းနစ်ကမ္ဘာ့စံ ချိန်မှတ်တမ်းဝင်သူအဖြစ် အသိအမှတ်ပြုကြလိမ့်မယ်။”
DVB Burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment