ဘောလခဲမြို့နယ်တွင်းရှိ စစ်တပ်မှ ကြိုတင်မဲပေးသူများစာရင်း ထုတ်ပြန်လိုက်သည့်အပေါ် ကိုယ်စားလှယ်လောင်းများစိုးရိမ်


 ကယား(ကရင်နီ)ပြည်နယ် ဘောလခဲမြို့နယ်တွင်းရှိ စစ်တပ်များမှ ကြိုတင်မဲပေးမည့် သူများစာရင်းကို ဘောလခဲခရိုင်ရွေးကောက်ပွဲကော်မရှင်မှ အောက်တိုဘာလ(၂၆)ရက်နေ့က ကြေညာလိုက်သည့်အပေါ် ယင်းမဲဆန္ဒနယ်တွင် ဝင်ပြိုင်မည့် ပါတီကိုယ်စားလှယ်လောင်းများက မဲမသမာမှုတွေ ဖြစ်ပေါ်လာမည်ကို စိုးရိမ်မှုတွေရှိနေကြောင်း သိရသည်။ ]

ဘောလခဲမြို့နယ်တွင်းရှိ အမှတ်(၄၂၉)၊ အမှတ်(၄၃၀)၊ အမှတ်(၃၃၇) စတဲ့ တပ်ရင်း ၃ ရင်းအပြင် စစ်ဗျူဟာနှင့် ဘောလခဲမြို့နယ်ခွဲ ဖြစ်သော ရွာသစ်တွင်ရှိသည့် (၁၀၀၅)နယ်ခြားစောင့်တပ်ရင်းတို့အပါအဝင် စုစုပေါင်း ကြိုတင်မဲပေးမည့်သူများမှာ (၁၁၂၄) ဦးရှိကြောင်း ဘောလခဲခရိုင်ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သည်။

အခုလိုထုတ်ပြန်ရာတွင် ကြိုတင်မဲပေးမည့်သူများစာရင်းမှာ များပြားလှသောကြောင့် မဲပေးကြရာတွင် ကြိုတင်မဲပေးမည့် မဲဆန္ဒရှင်များမှာ လွတ်လပ်စွာ မဲပေးခွင့် မရှိဘဲ တစ်စုံတစ်ရာဖိအားပေးလာနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဘောလခဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စာလှယ်လောင်း ဦးမိုးကျော်ဇင်ကပြောသည်။

“ကြိုတင်မဲတွေထုတ်ပြန်တဲ့စာရင်းအရများတယ် ဒီမဲတွေက တစ်စုံတစ်ယောက်ရဲ့ဖိအားပေးမှု ခံရနိုင်တယ်။ ဟိုဟာကိုပဲ ပေးရမယ် ဒီဟာကိုပဲပေးရမယ်ဆိုတဲ့ ဖိအားတွေခံရနိုင်တယ် အဲ့ဒီ့အတွက် ကြိုတင်မဲပေးမယ့် မဲဆန္ဒရှင်တွေက သူတို့ရဲ့ဆန္ဒအမှန်အတိုင်း မဲမပေးနိုင်မှာကို စိုးရိမ်တယ်” ဟု ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

စစ်တပ်အတွင်းရှိ ကြိုတင်မဲပေးမည့်သူများစာရင်းတွင် တပ်တွင်းမှ တပ်မတော်သားများအပါအဝင် တပ်တွင်းရှိ မှီခိုမိသားစုများပါ ပါဝင်နေကြောင်း ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရသိရှိရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ကယားလူမျိုးစုဒီမိုကရေစီပါတီ ဘောလခဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်မိမိမော်ကလည်း “အခုလိုကြိုတင်မဲစာရင်းတွေ ထုတ်ပြန်တာ ကျမတို့တောင် ဘာမှ မသိလိုက်ရဘူး။ ထုတ်ပြီးမှသိရတယ်။ ဒီစာရင်းတွေ ကြည့်ခြင်းအားဖြင့် မဲဆန္ဒရှင်တွေက သူတို့က လွတ်လွတ်လပ်လပ်မဲပေးနိုင်ပါ့မလားဆိုတာရယ် တပ်ထဲက မိသားစုတွေကိုပါ ကြိုတင်မဲစာရင်းထဲထည့်ထားတာက မဲမသမာမှုတွေ လုပ်ဖို့များလား ဆိုတာကို ကျမတို့စိုးရိမ်တယ် ဖြစ်လည်းဖြစ်လာနိုင်တယ်” ဟု ကန္တာရဝတီတိုင်း(မ်)သို့ပြောသည်။

ကြိုတင်မဲစာရင်းများ ထုတ်ပြန်မှုနှင့် ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်မှ ပြဌာန်းထားသော ဥပဒေများအတိုင်း လုပ်ထုံးလုပ်နည်းများအတိုင်းသာ လုပ်ဆောင်သွားဖို့ရှိကြောင်း ဘောလခဲခရိုင်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးကျော်လင်းက ပြောသည်။

“ဒီကိစ္စမျိုးက ကျနော်တို့ကြိုတင်မဲပေးမယ့် မဲဆန္ဒရှင်စာရင်းတွေကို အခုထုတ်ပြန်လိုက်ပေမယ့် ကျနော်တို့က လုပ်ထုံးလုပ်နည်းအတိုင်း ကြိုတင်မဲထည့်မယ့် လူစာရင်းကို ပြုစုပြီး ကျနော်တို့ထုတ်ပြန်တာပေါ့ အခုကိစ္စကတော့ ကျနော်တို့က ဥပဒေနဲ့အညီပဲ လုပ်သွားမယ် မဲဆန္ဒရှင်တွေကတော့ သူတို့ကြိုက်တာသူတို့ ထည့်မှာပါပဲ”ဟု ကန္တာရဝတီတိုင်း(မ်)သို့ပြောသည်။

အခုလိုတပ်အတွင်းမှ ကြိုတင်မဲပေးမည့် မဲဆန္ဒရှင်စာရင်းများမှာ ရှေ့တန်းမှ တပ်သားများကသာ ကြိုတင်မဲပေးကြရမှာဖြစ်ပြီး မြို့တွင်းရှိ တပ်တွင်းမိသားစုများမှာတော့ မဲပေးမည့်နေ့တွင် မဲလာရောက်ပေးနိုင်သည့်အတွက် ကြိုတင်မဲ မလုပ်သင့်သလို မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ကြရမည့် ကျောင်းဆရာ/ဆရာမ များနှင့် အထူးရဲတပ်ဖွဲ့ဝင်များပါ ကြိုတင်မဲ လုပ်ရမှာဖြစ်တဲ့အတွက် ကြိုတင်မဲတွေ များပြားနေပြီး တစ်စုံတစ်ရာ ပါတီ သို့မဟုတ် တစ်စုံတစ်ယောက်က ဖိအားပေးလာမည်ကို စိုးရိမ်ကြောင်းနှင့် တပ်တွင်းရှိ မဲရုံများမှာ ထားရှိရန်မလိုအပ်တော့သည့် အခြေနေမျိုးဖြစ်နေတယ်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမိုးကျော်ဇင်က ဆက်ပြောသည်။

“မဲဆန္ဒရှင်တွေ ဆန္ဒအမှန်တိုင်း မဲပေးခွင့်မရမှာကို စိုးရိမ်တယ် တပ်မိသားစုတွေကိုပါ ကြိုတင်မဲထဲထည့်ထားတော့ တပ်ထဲမှာထားမယ့် မဲရုံက သုံးဖို့တောင် မလိုတော့ဘူး”ဟုပြောသည်။

ယေဘုယျအားဖြင့် ဘောလခဲမြို့နယ်တွင်းရှိ တပ်ရင်းများတွင် မဲပေးနိုင်သည့် မဲဆန္ဒရှင် (၈၀၀)ကျော်နှင့် ရွာသစ်ရှိ နယ်ခြားစောင့်တပ်ရင်း (၁၀၀၅) တပ်ရင်းတွင် (၃၀၀)ကျော်ရှိကြောင်းသိရသည်။

ဘောလခဲမြို့နယ်အတွင်း မဲရုံပေါင်း (၁၆)ရုံရှိပြီး ထိုမဲရုံများထဲမှ တပ်တွင်းမှာတော့ စစ်ဗျူဟာနှင့် အမှတ်(၄၂၉)တပ်ရင်းတို့တွင် မဲရုံနှစ်ရုံထားရှိမည်ဖြစ်ပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ (၂၉)ရက်နေ့မှ နိုဝင်ဘာ (၇)ရက်နေ့ထိ ကြိုတင်မဲပေးမည့်သူများ စာရင်းကို လိုက်လံ ကောက်ခံမည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဘောလခဲမြို့နယ်၌ ကြိုတင်မဲ (၅၉%)ထိရှိခဲ့ကြောင်းသိရသ

ဆန်းဖြိုးထွန်း၊ စိုင်းလင်းလင်းဦး
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment