တက္ကသိုလ် ကျောင်းသူများကို သေနတ်ပစ်ခတ်နည်း သင်ကြားပေး


အမျိုးသမီးများမှာ တင့်ကားပေါ်တွင် လိုက်ပါစီးနင်းခဲ့ကြပြီး စက်သေနတ်များကိုလည်း ကိုင်ဆောင်ထားကြသည်။ ယင်းနောက် အဆိုပါ အမျိုးသမီးများသည် စက်သေနတ်များကို ကိုင်ဆောင်ကာ ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြသည်။ ယင်းမြင်ကွင်းသည် ပါကစ္စတန်နိုင်ငံတွင် ဖြစ်ပြီး အမျိုးသမီးများအား ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရန် ပါကစ္စတန်စစ်တပ်က သင်ကြား ပြသပေးနေခြင်း ဖြစ်သည်။ ပါကစ္စတန်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဖြစ်စဉ်မှာ နှစ်စဉ်မြင့်မားလျက်ရှိသည်။ ထို့ကြောင့် အကြမ်းဖက်မှုများအား ကာကွယ်ရန် သေနတ်ပစ်နည်းနှင့် စစ်ပညာများကို သင်ကြားပေးနေခြင်း ဖြစ်သည်။
      ယခုသင်တန်းသို့ တက်ရောက်သည့် အမျိုးသမီးများမှာ တက္ကသိုလ်ကျောင်းသူများ ဖြစ်သည်။  ကွီတာဒေသရှိ တက္ကသိုလ်တွင် ပညာသင်ယူနေသည့် တက္ကသိုလ် ကျောင်းသူများကို စစ်ပညာများ သင်ကြားပေးနေခြင်း ဖြစ်သည်။ ယင်းတက္ကသိုလ်ကျောင်းကို ၂၀၀၄ က စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် တည်ရှိသော နေရာသည် အကြမ်းဖက်မှုများ ဖြစ်လာနိုင်သောကြောင့် တက္ကသိုလ် ကျောင်းသူများကို တာဝန်ရှိသူများက လုံခြုံရေး အစီအစဉ်များ ဆောင်ရွက်ပေးခြင်း ဖြစ်သည်။
      ၂၀၁၃ တွင် တက္ကသိုလ်ကျောင်းသားများ စီးနင်းလာသည့် ဘတ်စ်ကားကို အကြမ်းဖက်သမားများက တိုက်ခိုက်ခဲ့သောကြောင့် (၁၄) ဦးသေပြီး (၁၉) ဦး ဒဏ်ရာရရှိခဲ့သည်။ ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သော ပက်ရှ်ဝါ အကြမ်းဖက်မှုတွင် ပညာသင်ယူနေသော ကျောင်းသားများကို  စစ်သွေးကြွများက သေနတ်ဖြင့် ပစ်ခတ်သဖြင့် (၁၃၂) ဦး သေဆုံးခဲ့ပြီး ပါကစ္စတန်တွင် အဆိုးရွားဆုံး အကြမ်းဖက်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ယင်းနောက် ပါကစ္စတန်ရှိ ကျောင်းများတွင် စစ်သွေးကြွများကို ပြန်လည် တိုက်ခိုက်နိုင်ရန် ကျောင်းသားများကို အခြေခံ သေနတ်ပစ်နည်း သင်ကြားပေးခဲ့ကြသည်။  ယခု သင်ကြားပေးခဲ့သော တက္ကသိုလ် ကျောင်းသူများသည် လက်နက်ကိရိယာ အပြည့်အစုံဖြင့် သင်ကြားခွင့်ရခြင်း ဖြစ်ပြီး တင့်ကားကိုပါ စီးနင်းခွင့်ရခဲ့သောကြောင့် ထူးခြားမှုတစ်ခု ဖြစ်ခဲ့ကြောင်း သိရသည်။ ပါကစ္စတန်တွင် ဘာသာရေးအရ အမျိုးသမီးများကို တားမြစ် ပိတ်ပင်မူများ ရှိနေသော်လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခွင့်အတွက် စစ်ပညာများကို သင်ကြားခွင့် ပေးခဲ့သောကြောင့် အံ့အားသင့်နေကြသည်။
The Messenger
messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment