နယူးယောက်မြို့ တက္ကစီလုပ်ငန်း အဖွဲ့သည် တက္ကစီ တစ်ထောင်ခန့်မှ ခေတ်မမီတော့သော တီဗီများကို ဖြုတ်သိမ်းကာ ခေတ်မီ စမတ်တီဗီ၊ သို့မဟုတ် တဲဘလက်များ တပ်ဆင်ပေးသွားဖို့ရှိကြောင်း သိရသည်။
လက်ရှိတွင် နယူးယောက် တက္ကစီ (၁၃၅၀၀) ခန့်၌ တီဗီများ တပ်ဆင်ထားသည်။ တီဗီများသည် တက္ကစီစီးသူများ အတွက် ဖျော်ဖြေရေး ရည်ရွယ်ချက်ဖြင့် တပ်ဆင်ပေးထားခြင်း ဖြစ်သော်လည်း အစီအစဉ်များ ထပ်ခါထပ်ခါ လာနေခြင်း၊ ကြော်ငြာတွေ များနေခြင်း၊ ကားထဲမှာ အသံဆူညံခြင်း၊ အသံပိတ်သည့် ခလုတ်၊ တီဗီပိတ်သည့် ခလုတ်များ ကြောင်နေသဖြင့် ပိတ်မရခြင်းမျိုးများ ဖြစ်ပွားနေသဖြင့် ဝေဖန်မှုများ ကြုံတွေ့နေရသည်။ အထူးသဖြင့် ကားပေါ်တွင် တစ်ချိန်လုံး ရှိနေသော တက္ကစီ ယာဉ်မောင်းများအဖို့ တီဗီသံသည် စိတ်ပျက်ဖွယ် အသံမျိုး ဖြစ်နေသည်။
ကနဦး စမ်းသပ်မှုအဖြစ် တက္ကစီ တစ်ထောင်မှ တီဗီများဖြုတ်ကာ လိုသလို ထိန်းညှိနိုင်မည့် စမတ်တီဗီမျိုး၊ သို့မဟုတ် တဲဘလက်မျိုး ထားရှိပေးဖို့ စီစဉ်မည်ဟု နယူးယောက် တက္ကစီလုပ်ငန်း ကော်မရှင် နာမင်းကြီး မာရာဟိုရှီက ပြောသည်။
Source: Daily Mail
The Messenger
Messengernewsjournal.com
0 comments:
Post a Comment