ဘ၀ကို အရှုံးမပေးဘဲ တိုက်ပွဲဝင်သွားမယ့် ဆရာဝန်ဟောင်း

 
တရုတ်နိုင်ငံ၊ ချန်ဒူးဒေသတွင် နေထိုင်သည့် ဆရာဝန်ဟောင်း တစ်ဦးသည် အာရုံကြောရောဂါကြောင့် မသန်စွမ်း ဘ၀ကို ရောက်ရှိနေပြီး စကားပြောဆိုနိုင်ခြင်း မရှိသော်လည်း ဘ၀ကို အရှုံးမပေးဘဲ တိုက်ပွဲဝင် ရုန်းကန်ခဲ့သဖြင့် ချီးကျူးစရာ ဖြစ်ခဲ့သည်။ အသက် (၆၂) နှစ် အရွယ်ရှိ ဂေါင်အမည်ရ အမျိုးသမီးကြီး တစ်ဦးသည် တစ်ချိန်က ဆရာဝန်ဖြစ်ခဲ့ပြီး မိသားစုကိုလည်း ဦးဆောင်နိုင်ခဲ့သည်။ သို့သော် တစ်နေ့တွင် အပြင်းဖျားခဲ့ပြီးနောက် Neurone အမည်ရှိ ရောဂါရရှိခဲ့သည်။ ယင်းရောဂါသည် အာရုံကြောနှင့် ခါးရိုးကြော ဆက်စပ်သည့် ရောဂါဖြစ်ပြီး အကျိုးဆက်ကတော့ လမ်းမလျှောက်နိုင်တော့ခြင်း၊ အစာစားရာနှင့် အသက်ရှူရာတွင် ပြဿနာများရှိခြင်း စသည်များကို ကြုံရမည်ဖြစ်သည်။ ရူပဗေဒပညာရှင်  စတီဖင် ပောာ့ကင်းမှာလည်း ယင်းရောဂါမျိုး ရရှိနေခြင်း ဖြစ်သည်။ ဂေါင်သည် အိပ်ရာထဲတွင် လဲနေရသောကြောင့် ဘ၀ကို စိတ်ကုန်ခဲ့သည်။ ယင်းအနေဖြင့် ယခုလို သေဆုံးခြင်းမျိုးကို အလိုမရှိသောကြောင့် ခင်ပွန်းဖြစ်သူအား ခွင့်တောင်းပြီး ကိုယ်တိုင်ရေးစာအုပ် ထုတ်ဝေရန် ကြိုးစားသွားမည် ဖြစ်သည်။
      ဂေါင်သည် စာအုပ်ရေးသားပြီးပါက ရရှိလာသည့် ငွေကြေးများကို လူမှုအဖွဲ့အစည်းများသို့ လှူဒါန်းသွားမည် ဖြစ်သည်။ ဂေါင်က မိမိသည် ငယ်စဉ်ဘ၀က ပြည့်စုံစွာ နေထိုင်ခဲ့ရကြောင်း၊ ခင်ပွန်းဖြစ်သူကို အဘိုးက ရှာဖွေ စေ့စပ်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ မိမိတို့တွင် သားသမီးတစ်ဦး ရှိကြောင်း၊ သို့သော် ၂၀၀၂ ဆောင်းရာသီတွင် အပြင်းဖျားပြီးနောက် ယခုကဲ့သို့ ကြုံခဲ့ရ ခြင်းဖြစ်ကြောင်း၊ မိမိအတွက် အလွန်ကြေကွဲစရာ ဖြစ်ကြောင်း၊ သို့သော် မိမိအနေဖြင့် သေခြင်းကို စောင့်မျှော်နေမည့်အစား တစ်ခုခုလုပ်ချင်ကြောင်း၊ ထို့ကြောင့် ကိုယ်တိုင်ရေး စာအုပ်တစ်အုပ် ထုတ်ဝေသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဂေါင်သည် လက်များ လှုပ်ရှားနိုင်ပြီး အမြင်လည်း ကောင်းနေသောကြောင့် ကွန်ပျူတာဖြင့် ကိုယ်တိုင် စာရိုက်ခဲ့သည်။ ထိုသို့ ရိုက်နိုင်ရန်အတွက် အထူးကိရိယာများ တပ်ဆင်ပေးခဲ့ရသည်။ အိပ်ရာထဲလဲနေသူ ဆရာဝန်ဟောင်းတစ်ဦး ဖြစ်သည့် ဂေါင်သည် နံနက်မိုးလင်းသည်နှင့် ကိုယ်တိုင်ရေးစာအုပ်ကို ရေးသားခဲ့ပြီး ညအိပ်ရာဝင်ချိန်မှ ပြီးဆုံးလေ့ရှိသည်။ စာလုံးရေ (၁၅၀၀၀၀)ပါ စာအုပ်ကို ထုတ်ဝေပြီးပါက ရရှိလာသည့် ငွေကြေးများကို ဂေါင်က ဘ၀တူ ရောဂါသည်များကို လှူဒါန်းသွားမည် ဖြစ်သည်။
The Messenger
messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment