အမေရိကန် နာရီလူငယ် ကာတာပြောင်းမည်

 


တက္ကဆက်ပြည်နယ်တွင် ကိုယ်တိုင် လုပ်ထားသော နာရီလေးကို ဗုံးထင်ပြီး အဖမ်းခံခဲ့ရသော အသက် (၁၄) နှစ်အရွယ် အမေရိကန်လူငယ် အာမတ် မိုဟာမတ်သည် ကာတာနိုင်ငံသို့ မိသားစုနှင့်အတူ ပြောင်းရွှေ့နေထိုင်မည် ဖြစ်ကြောင်း သိရသည်။
      ကာတာပညာရေး၊ သိပ္ပံနှင့် လူမှုဝန်းကျင် ဖွံ့ဖြိုးမှုဖောင်ဒေးရှင်းက အာမတ်ကို အထက်တန်းနှင့် တက္ကသိုလ်ကာလများ အထိ စကောလားရှစ် အပြည့်ပေးကာ ကာတာသို့ လာရောက် ပညာသင်ကြားဖို့ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ အာမတ်သည် တနင်္လာနေ့ကလည်း အိမ်ဖြူတော်တွင် အမေရိကန်သမ္မတ ဘားရတ် အိုဘားမားနှင့် တွေ့ဆုံခဲ့သည်။
      နာရီကို ဗုံးထင်ကာ ဖမ်းဆီးထိန်း သိမ်းခံခဲ့ရသော အာမတ်အကြောင်းသည် ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့ကာ အာမတ်ကိုလည်း နိုင်ငံတကာက သတိထားမိခဲ့သည်။ အာမတ်သည် မွတ်ဆလင် ဖြစ်သောကြောင့် ၎င်းတို့ မိသားစုနေထိုင်ရာ တက္ကဆက်ပြည်နယ် အိုင်ဗင်းမြို့ ရဲတပ်ဖွဲ့သည် လိုသည်ထက် ပိုအရေးယူ ကိုင်တွယ်ခဲ့ခြင်း ဖြစ်ကြောင်း စွပ်စွဲမှုများ ထွက်ပေါ်ခဲ့သည်။ ရဲတပ်ဖွဲ့ကမူ ကျောင်းလုံခြုံရေးအတွက် အရေးယူ ဆောင်ရွက်ခြင်းမှလွဲ၍ အခြားရည်ရွယ်ချက် မရှိဟု ဆိုထားသည်။ အာမတ်ကို မှားဖမ်းမိကြောင်း သိသည်နှင့် ရဲတပ်ဖွဲ့မှ ပြန်လွှတ်ပေးခဲ့ သည်။
      အာမတ်သည် ကာတာ ဖောင်ဒေးရှင်း၏  တီထွင်ဖန်တီးရှင် လူငယ်များ အစီအစဉ်တွင်လည်း ပါဝင်ခွင့်ရမည်ဖြစ်ပြီး ကာတာတွင် ပညာသင်ကြားမည် ဖြစ်သည်။ အာမတ်နှင့်အတူ တစ်မိသားစုလုံး ကာတာသို့ ပြောင်း ရွှေ့ နေထိုင်ကြတော့မည် ဖြစ်ကြောင်း သိရသည်။  နာရီကိစ္စ၊ မှားဖမ်းခံရပြီးကတည်းက အာမတ်သည် တက္ကဆက်ကျောင်းမှ နုတ်ထွက်လိုက်ခြင်း ဖြစ်သည်။
Source: BBC
The Messenger
messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment