သမ္မတ၏ ချစ်မှုရေးရာ ဓာတ်ပုံများကို ဖော်ပြခဲ့သည့် မဂ္ဂဇင်း (၂) စောင် ဒဏ်ငွေရိုက်ခံရ



 ပြင်သစ် တရားရုံးတစ်ခုသည် နာမည်ကြီး အနုပညာရှင်များ၏ သတင်းကို ဖော်ပြလေ့ရှိသည့် မဂ္ဂဇင်းနှစ်စောင်အား သမ္မတ ဖရန်ဆွာသြော်လွန်နှင့် ၎င်း၏ ချစ်သူမိန်းကလေးတို့၏ စုံတွဲလိုက် သွားလာနေမှု ဓာတ်ပုံများကို ဖော်ပြမှုဖြင့် ဒဏ်ငွေချမှတ်ခဲ့ကြောင်း သိရသည်။
      ထိုပုံများမှာ ယခုနှစ်ဆန်းတွင် သမ္မတ အိမ်တော်မှ သြော်လွန်နှင့် ၎င်း၏ချစ်သူ မင်းသမီးတို့ ပုံများဖြစ်ပြီး၊ VSD နှင့် Voici မဂ္ဂဇင်း နှစ်စောင်အား သူတပါး ပုဂ္ဂိုလ်ရေး ချိုးဖောက်မှုဖြင့် တရားရုံးက ဒဏ်ငွေ ယူရို (၁၅၀၀) စီချမှတ်ခဲ့ပြီး၊ သမ္မတနှင့် ချစ်သူတို့အားလည်း ပြန်လည် တောင်းပန်စာများ မဂ္ဂဇင်းများတွင် ပုံနှိပ်ဖော်ပြရန် ညွှန်ကြားလိုက်သည်။ ထိုဖြစ်စဉ်တွင် သမ္မတ၏ချစ်သူ မင်းသမီး ဂါယတ်က ဒဏ်ငွေချမှတ်ရန် တောင်းဆိုခဲ့ပြီး၊ တရားရုံးကလည်း ထိုအတိုင်း ချမှတ်လိုက်ခြင်း ဖြစ်သည်။ အပတ်စဉ်ထုတ် စာစောင်များ ဖြစ်သည့် VSD နှင့် Voici မဂ္ဂဇင်းများသည် ထိုသို့သော လူစိတ်ဝင်စားမည့် သတင်းများ၊ ဓာတ်ပုံများကို အသားပေး ဖော်ပြလေ့ရှိသည့် စာစောင်များ ဖြစ်သည်။ သို့သော် ဥရောပနှင့် ပြင်သစ်နိုင်ငံတို့တွင် လူပုဂ္ဂိုလ်တစ်ဦးချင်း၏ လွတ်လပ်ခွင့်များကို ကာကွယ်ပေးထားရာ အချို့သော ပါပါရာဇီ အတင်းအဖျင်း စာစောင်များမှာ မကြာခဏ ဆိုသလိုပင် နာမည်ကျော် အနုပညာရှင်များ တရားစွဲဆိုမှုကြောင့် လျော်ကြေးနှင့်ဒဏ်ကြေးများ ပေးဆောင် ရတတ်သည်။
      “အရေးကြီးတာက တရားရုံးရဲ့ဆုံးဖြတ်ချက်မှာ ဒီဖြစ်စဉ်ဟာ ပုဂ္ဂိုလ်ရေး ချိုးဖောက်မှုရှိတာကို အသိအမှတ် ပြုထားခဲ့တာ ဖြစ်ပါတယ်”ဟု မစ္စဂါယက်၏ ရှေ့ နေ ယန်းအန်နိုချီက ရိုက်တာသတင်းသို့ ပြောသည်။ အသက် (၆၁) နှစ်အရွယ် မစ္စတာ သြော်လွန်သည် ဂျာနယ်လစ်ဟောင်း ဗယ်လာရီ ထရိုင်ရာဝီလာနှင့် (၂၅) နှစ်ကြာ လက်တွဲခဲ့ပြီးနောက် ယခုအခါ အစိုးရအဖွဲ့အတွင်း ပတ်ဝန်းကျင်ရေးရာ ၀န်ကြီးဖြစ်သော မစ္စဆီဂိုလန် ရွိုင်ရယ်နှင့်လည်း ခေတ္တ တွဲခဲ့သည်။ ယခုမင်းသမီးနှင့် ၎င်း၏ပုံများ အဆိုပါမဂ္ဂဇင်းများတွင် ထွက်ပေါ်ခဲ့ပြီးနောက် မစ္စတာသြော်လွန်၏ ရုံးဝန်ထမ်းငါးဦးမှာ ထိုပုံများပေါက်ကြားစေမှု သံသယဖြင့် ရာထူးနေရာ ရွှေ့ပြောင်းခံခဲ့ရပြီး ဖြစ်သည်။
Source:Reuters
The Messenger
messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment