ပလိပ်တွင် စက်ရုံလုပ်သားများ ဆန္ဒဖော်ထုတ်ခဲ့


 ဇန်နဝါရီ၂၄၊ ပလိပ် သော်တာ

မန္တလေးတိုင်းဒေသကြီး၊စဉ်ကိုင်မြို့နယ်အတွင်းရှိ အစိုးရမှပုဂ္ဂလိကသို့ လွှဲပြောင်းထားသည့်ပလိပ်အထည်စက်ရုံမှ ဝန်ထမ်း ၆၀၀ခန့် က ပုဂ္ဂလိကုမ္ပဏီသို့ လွှဲပြောင်းပြီးနောက် ၎င်းတို့၏အခွင့်အရေး များဆုံးရှုံးနစ်နာမှုများရှိသောကြောင့် ဇန်နဝါရီ၂၄ရက် နံနက်၈နာရီမှ၁၁နာရီအထိ လမ်းလျှောက် ဆန္ဒဖော်ထုတ်မှုများကို ပြုလုပ်ခဲ့ကြသည်။

လမ်းလျှောက်ဆန္ဒဖော်ထုတ်ရာတွင် ``ပုဂ္ဂလိက လွှဲပြောင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအား ပြန်လည် သုံးသပ်ပေးရေး´´ ``တစ်ဖက်သတ် ထုတ်ပြန်ထားသော စည်းကမ်းချက်များရုတ်သိမ်းပေးရေး´´ ``ဥပဒေမဲ့ အလုပ်မှထုတ်ပယ်ထားသော အလုပ်သမားများအား ပြန်လည်ခန့်ထားပေးရေး´´ ``စာချူ ပ်အကြိမ်ကြိမ် ချိုးဖောက်သော ကုမ္ပဏီ အလိုမရှိ´´``အလုပ်သမားများအပေါ် ဖိနှိပ် ဆက်ဆံသူများ အလိုမရှိ´´ စသည်တို့ကို ကြွေးကြော်ခဲ့ကြသည်။


ဆန္ဒပြလုပ်သားများသည် ပလိပ်စက်ရုံဝင်းအတွင်းနှင့် ပလိပ်မြို့အတွင်းတို့တွင် လှည့်လည် ဆန္ဒပြခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ယခုဆန္ဒဖော်ထုတ်သည့် လုပ်သားများသည် ယခင်နှစ်များအတွင်းကလည်း စက်ရုံဝင်းအတွင်း ထိုင်သပိတ်ဆန္ဒဖော်ထုတ်ခြင်း၊စက်ရုံဝင်းအတွင်း လှည့်လည် ဆန္ဒဖော်ထုတ်ခြင်းနှင့် မန္တလေးမြို့ တွင်း လှည့်လည်ဆန္ဒဖော်ထုတ်ခြင်းများကို ဆောင်ရွက်ခဲ့ဖူးကြောင်းလည်း သိရသည်။

 သော်တာ
The Street View
https://www.facebook.com/The-Street-View
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment