ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်းမြန် မာနိုင်ငံကို ဆိုးဝါးစွာရိုက်ခတ်


ကချင်ပြည်နယ် မိုးကောင်းမြို့ပေါ်ရပ်ကွက်မှာ ရေကြီးရေလျှံနေသည်ကို တွေ့ရစဉ်။ Photo: Kyaw Myo Min/ RFA
ပုံမှန်မဟုတ်တဲ့ ကမ္ဘာ့ရာသီဥတုရဲ့ ပြောင်းလဲခြင်းရဲ့ ရိုက်ခတ်မှုဒဏ်ကို ဆင်းရဲတဲ့ မိမိတို့ မြန်မာနိုင်ငံဟာ ခံစားနေရပြီး ရာသီဥတုပြောင်းလဲမှုကြောင့် အထိခိုက်ခံ ရမှုတွေမှာ ဒုတိယမြောက် အဆိုးဝါးဆုံး နိုင်ငံဖြစ်တယ်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်း က ပြောကြားလိုက်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့တော်ခန်းမမှာ မနေ့က လူထုနဲ့ တွေ့ဆုံပွဲမှာ  ဦးဝင်းထွန်း က ပြောသွားတာဖြစ် ပါတယ်။

"မိုးအလွန်သည်းထန်စွာ အထူးသဖြင့် မြန်မာပြည်မြောက်ပိုင်းနဲ့ အနောက်ဖက် တခြမ်းလုံးမှာ ရွာလိုက်တဲ့မိုးရေချိန် ဟာ ကြီးမားတဲ့သဘာဝဘေးအန္တရာယ်ကို ကျနော်တို့ရင်ဆိုင်ခဲ့ရတယ်၊ ပြည်သူလူထုအမြောက်အများရဲ့အသက် အိုးအိမ်ကို ထိခိုက်စေခဲ့တယ်၊ နာဂစ်မုန်တိုင်းလောက်အသေအပျောက်မများခဲ့ပေမယ့် ထိခိုက်မှု ပမာဏကတော့ အဲ့ထက်မလျော့ဘူး၊ တိုင်းဒေသကြီးပြည်နယ် ၁၅ ခု ရှိတဲ့အနက် နေပြည်တော်ကောင်စီနဲ့ နောက်တစ်ခုလောက်ပဲ လွတ်ပြီးတော့ ကျန်တဲ့ ၁၃ ခုမှာ နည်းတာနဲ့ များတာပဲကွာတယ်၊ ဒီသဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ရပါတယ်"

မွေးမြူရေးရေလုပ်ငန်းနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဋ္ဌာန ဝန်ကြီး ဦးအုန်းမြင့် ကလဲ  မြန်မာနိုင်ငံမှာ ဆင်းရဲမှု ပပျောက်ရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး အတွက် ကမ္ဘာ့ဘဏ်က ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၀ ထောက်ပံ့ရာကနေ ၂၀၁၅ -၂၀၁၆ မှာတော့ ဒေါ်လာသန်း ၄၀၀ ကို အတိုးမဲ့ ချေးငှားပေးခဲ့တယ် လို့ ပြောသွားပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment