ဗြိတိန်နိုင်ငံက အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် Chloe Smith ကိုတွေ့ရစဉ်။ Photo: Wikipedia |
အဲဒီလိုကူညီဖို့ ကုလသမဂ္ဂနဲ့ Inter-Parliamentary Union တို့က သူ့ကို ကမ်းလှမ်းခဲ့တာဖြစ်တဲ့အတွက် ဒီမိုကရေစီလမ်းကွေ့ကိုရောက်နေတဲ့ မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်အသစ်တွေကိုကူညီခွင့်ရမှာဖြစ်လို့ သူ့အနေနဲ့ ဂုဏ်ယူဝမ်းမြောက်ကြောင်း Chloe Smith က ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ကိုယ့်မဲဆန္ဒနယ်မြေအတွက် ဘာတွေကို ဘယ်လို လုပ်ကိုင်ဆောင်ရွက်သင့်တယ်၊ နိုင်ငံနဲ့ပတ်သက်ရင် ဘာတွေေ ဆာင်ရွက်သင့်တယ်၊ တာဝန်ယူမှုနဲ့ ကိုယ်စားပြုမှုဆိုတာ ဘယ်လိုဖြစ်တယ်ဆိုတာတွေ ကို မြန်မာ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေး ပြောဆိုမှာဖြစ်တယ်လို့ သူကပြောပါတယ်။
Chloe Smith ဟာ အသက် ၃၃ နှစ်အရွယ်ဖြစ်ပြီး၊ ဗြိတိန်လွှတ်တော်မှာ ကွန်ဆားဗတစ် ပါတီရဲ့ ကိုယ်စားလှယ်ဖြစ်ပါတယ်။ သူဟာ ၂၀၀၉ ခုနှစ် ဇူလိုင်လ က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့သူဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
0 comments:
Post a Comment