ဓာတ်တိုင်အား ဝင်ရောက်တိုက်မိပြီး ယာဉ်ပေါ်ပါ ၄ ဦး ဓာတ်လိုက်သေဆုံး

 မန္တလေးတက္ကသိုလ် ဗောဓိကုန်ကျောင်း တောင်ဘက်လမ်း ၄၀ - ၇၃လမ်းနှင့် ၆၉လမ်းကြားတွင် ယနေ့ မနက်၁နာရီခန့်က ဓာတ်တိုင်အား ၀င်တိုက်ပြီးကားမှာ ရေထဲထိုးကျပြီး ကားပေါ်ပါသူ ၄ဦး သေဆုံးတယ်လို့ သိရပါတယ်။ အချိုရည်ကုမ္ပဏီကားလို့ သိရပြီး သေဆုံးသူများမှ ဓာတ်လိုက်ပြီးသေဆုံးတယ်လို့ သိရပါတယ်။ ဓါတ်ပုံ ( မန္တလေးသတင်းအကုန်သိရန်-  ဖေ့စ်ဘုတ်)

နေပြည်တော်၊ မတ် ၈

၂ဝ၁၅ ခုနှစ်၊ မတ်လ ရ ရက်နေ့ ဝဝ၃ဝ အချိန် မန္တလေးတိုင်း ဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၄၁ လမ်း၊ အမှတ်(၁၂)အခြေခံပညာ အလယ်တန်းကျောင်းရှေ့၌ ချမ်းအေးသာစံမြို့နယ်နေ အောင်ထွန်းလင်း (၂၃)နှစ်မောင်းနှင်ပြီး တစ်ရပ်ကွက်တည်း နေသူများဖြစ်သည့် ရဲကိုနောင်(၁၇)နှစ်၊ မင်းလေပြေ(၂ဝ)နှစ်နှင့် ကောင်းကျော်(ခ) သက်မင်းစိန်(၁၇)နှစ်တို့ လိုက်ပါလာသည့် DD/xxxx AD Van ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ဘေးရှိ ဓာတ်တိုင်အား ဝင်ရောက်တိုက်မိသဖြင့် ဓာတ်တိုင်ကျိုးကျပြီး ဓာတ်တိုင်နှင့်ယာဉ်တို့ ရေမြောင်းအတွင်း ထိုးကျခဲ့၍ အောင်ထွန်းလင်း ပါ(၄)ဦးမှာ အခင်းဖြစ်နေရာတွင် ဓာတ်လိုက်သေဆုံး သွားသောကြောင့် အောင်ထွန်းလင်းအား မဟာအောင်မြေမြို့မ ရဲစခန်းယာဉ်(ပ)၈/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃ဝ၄-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment