ဖြူး မတ် ၈
ပဲခူးတိုင်းဒေသကြီး တောင်ငူ ခရိုင် ဖြူးမြို့နယ် ညောင်ပင်သာ ကျေးရွာအုပ်စု ရွာသာယာကျေးရွာ စက်မှုသီးနှံ ဖွံ့ဖြိုးရေးဦးစီးဌာန ကြံ သီးနှံပညာပေးရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဦးစီးဌာနခွဲ ကြံသုတေသန မျိုးပွားခြံအတွင်းရှိ အလုပ်သမား တန်းလျားနေ ဦးဝေလင်းစိုး(၃ဝ နှစ်) ၏ (၄x၃)ပင်သက်ငယ်မိုး၊ ထရံကာ မြေစိုက်နေအိမ် အမိုးကြားတွင် သွယ်တန်းထားသော လျှပ်စစ်မီးကြိုး ပေါက်ပြဲသည့်နေရာမှ ဝိုင်ယာရှော့ခ် ဖြစ်ပြီး မတ် ၈ ရက် နံနက် ၁၁ နာရီ ၁ဝ မိနစ်က မီးလောင်မှုဖြစ်ပွား ခဲ့သည်။
မီးစတင်လောင်ကျွမ်းရာသို့ ဖြူး မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ် ဦးစီးမှူး ဦးသက်ဝင်း မီးသတ်တပ်ဖွဲ့ ဝင်များ မီးသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊ ညောင်ပင် သာမှ မီးသတ်ယာဉ်တစ်စီးနှင့် ခလရ (၅)မှ တပ်မတော်သားများနှင့် ဇဟား ကျေးရွာအုပ်စုရှိ အရန်မီးသတ်နှင့် ကျေးရွာနေပြည်သူများ ဝိုင်းဝန်း မီးငြှိမ်းသတ်ကြရာ နံနက် ၁၁ နာရီ မိနစ် ၄ဝ တွင် မီးကိုထိန်းနိုင်ခဲ့ပြီး နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် မီးကို လုံးဝငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် အလုပ်သမား ဦးရေ ၄၂ ဦးနေ တဲအိမ် ကိုးလုံး မီးလောင်ခံရပြီး မီးစတင်လောင်ကျွမ်း သည့် နေအိမ်မှ ဦးဝေလင်းစိုးကို ညောင်ပင်သာရဲစခန်းက အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
ဖြူး-မြင့်ဦး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
0 comments:
Post a Comment