စစ်ပြေးဒုက္ခသည်များကြောင့် ၀န်ထုပ်ဝန်ပိုးဖြစ်နေဟု တရုတ်ပြော


တရုတ်ဘက်ခြမ်းရှိ စစ်ပြေးဒုကသည်များကြောင့် တရုတ်နိုင်ငံမှာ ၀န်ထုတ်ဝန်ပိုးဖြစ်နေပြီး ကိုးကန့်တပ်ဖွဲ့ကို တရုတ်က အကူအညီမပေးဘူးလို့  သမ္မတဦးသိန်းစိန်ရဲ့ အထူးသံအဖွဲ့ကို တရုတ်တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

တရုတ်နိုင်ငံမှာ သံအမတ်လုပ်ခဲ့ဖူးသူ တရုတ်-မြန်မာချစ်ကြည်ရေးအသင်း နာယကဦးတင်ဦး၊ အသင်းဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်နဲ့ အတွင်းရေးမှုး ဦးမျိုးအောင်တို့ ၃ယောက်ပါ အထူးသံအဖွဲ့ခရီးစဉ်အတွင်း တရုတ်တာဝန်ရှိသူတွေက ပြောကြားခဲ့တာ ဖြစ်တယ်လို့ သံအဖွဲ့ဝင် ဦးစိန်ဝင်းအောင်က ပြောပါတယ်။

“အဓိက ပြောတာကတော့ တစ်ကတော့ သူတို့မှာ ၀န်ထုပ်ဝန်ပိုးပိနေတယ်။ သူတို့ အကူအညီမပေးဘူး။ ဗဟိုရဲ့ ညွှန်ကြားချက်ကို တိတိကျကျ လိုက်နာတယ်။ ကျနော်တို့ဘက်မှာ စိုက်ထားတဲ့ ကြံခင်းတွေရှိတယ်။ သူတို့ ပိုက်ဆံပေးပြီး စိုက်ခိုင်းထားတာတွေပေါ့။ အဲ့ဒါတွေက အချိန်သင့်နေပြီ။ ရိတ်သိမ်းဖို့လိုတယ်၊ အကူအညီပေးပါ။”

တရုတ်နယ်စပ် လျောင်တဲနယ်မြေကော်မတီက မတ်လ ၇ ရက်တွေ့ဆုံတုန်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တရုတ်ပြည်ဘက်ခြမ်းမှာ ဒုကသည်စခန်း ၇ ခုရှိပြီး မြန်မာသံအဖွဲ့ဟာ လုံခြုံရေးအခြေအနေအရ စခန်း ၄ ခုကိုပဲ ရောက်ခဲ့ကြပါတယ်။

လောက်ကိုင်တိုက်ပွဲစတင်ဖြစ်ပွားချိန်ကစလို့ လောက်ကိုင်ဘက်က စစ်ပြေးဒုက္ခသည် ၆ သောင်းလောက် တရုတ်ဘက် ရောက်ရှိလာပြီး ကျွေးမွေးစောင့်ရှောက်ထားရကြောင်း၊ တရုတ်က မြန်မာသံအဖွဲ့ကို ပြောဆိုခဲ့ပြီး မြန်မာသံအဖွဲ့တွေ့ရှိချက်အရ ဒုက္ခသည် ၁ သောင်းခွဲလောက် ကျန်ရှိနေဦးမယ်လို့ ဦးစိန်ဝင်းအောင်က ခန့်မှန်းပြောကြားပါတယ်။

ကယ်ဆယ်ရေးစခန်းမှာ မနေဘဲ ဆွေမျိုးသားချင်းတွေ နေအိမ်တွေမှာ သွားရောက်စုပေါင်းနေထိုင်သူတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။

“သူက ဆွေမျိုးတွေဗျ၊ဟိုဘက်မှာ ကချင်ရှိသလို ဒီဘက်မှာလည်း ရှိတယ်။ ဟိုဘက်မှာ ရှမ်းရှိ ဒီဘက်မှာလည်း ရှိ၊ ဟိုဘက်မှာ ၀ ရှိ ဒီဘက်မှာလည်း ၀ ရှိတယ်၊ နယ်နိမိတ်သာခြားနေတာ။ အဲ့ဒီတော့ ဟိုဘက်မှာ ဒုက္ခဖြစ်တဲ့အချိန်ကျတော့ ဒီဘက်က သူ့ဆွေမျိုးတွေနေအိမ်မှာ လာနေတာပေါ့။ တချို့အိမ်တွေ ကျနော်ဝင်ကြည့်တော့ တအိမ်တည်းမှာပဲ လူ ၆၀ လောက်ကို တခန်းတခန်း ၈ ယောက်ဆီလောက် ထားပြီးနေနေတာ တွေ့ခဲ့တယ်။ ကျနော်တို့ဆီက ကိုးကန့်တို့၊ ရှမ်းတို့ တိုင်းရင်းသားတွေပေါ့ဗျာ။”

မြန်မာသံအဖွဲ့ဟာ ဒုကသည်ပြန်လည်နေရာချထားရေး၊ ကယ်ဆယ်ရေးနဲ့ နောင်အနာဂတ်မှာ အလားတူကိစ္စရပ်တွေ မဖြစ်ပွားအောင် နည်းလမ်း ရှာကြံရေးစတဲ့ ရည်ရွယ်ချက်တွေနဲ့ တရုတ်ပြည်ကို မတ် ၃ ရက်ကနေ ၈ ရက်အထိ ၆ ရက်ကြာ သွားရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒုက္ခသည်ပြန်လည်နေရာချထားရေး နှစ်နိုင်ငံပူးပေါင်းလုပ်ဆောင်ဖို့ မြန်မာဘက်က အစိုးရကိုယ်စားလှယ်အဖွဲ့ တဖွဲ့စေလွှတ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းစတင်နေပြီလို့လည်း စုံစမ်းသိရှိရပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment