ပွိုင့်-၁၇၅၃ တောင်ကုန်းနှင့် အနီး ပတ်ဝန်းကျင်ရှိ တောင်ကုန်းများအား တပ်မတော် စစ်ကြောင်းများက ဆက်လက် တိုက်ခိုက် ချေမှုန်း



နေပြည်တော်၊ မတ် - ၈

ကိုးကန့် သောင်းကျန်းသူများသည် လောက်ကိုင်- ချင်းရွှေဟော် ကားလမ်း အား ဒေသခံ ပြည်သူများ လုံခြုံစိတ်ချစွာ သွားလာနိုင်ခြင်း မရှိစေရန်အတွက် မကြာ ခဏ နှောင့်ယှက် ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိရာ တပ်မတော် စစ်ကြောင်းများက အဆိုပါကားလမ်း အရှေ့ဘက်ခြမ်း လုံထန်ကျေးရွာ အနီးရှိ ကိုးကန့် သောင်းကျန်းသူ အဖွဲ့ ခြေကုပ် ယူထားသော ပွိုင့်-၁၇၅၃ တောင်ကုန်းနှင့် အနီး ပတ်ဝန်းကျင် ရှိ တောင်ကုန်း များကို မတ် ၇ ရက်မွန်းလွဲပိုင်းမှ စတင်၍ လေကြောင်းပစ်ကူများ ၊ အမြောက် ပစ်ကူများ ရယူ ၍ တိုက်ခိုက် ချေမှုန်းလျက်ရှိသည်။

တပ်မတော် စစ်ကြောင်းများက ပစ်ကူများရယူ၍ ရဲဝံ့စွန့်စားစွာ အဆင့်ဆင့် ခြေကုပ်ယူ ချီတက် ရှင်းလင်း တိုက်ခိုက်မှုကြောင့် မတ် ၇ ရက် ညနေပိုင်းတွင် စစ်ဗျူဟာအရ အရေးကြီးသော တောင်ကုန်း အချို့ကို သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီး ယနေ့တွင် လေကြောင်း ပစ်ကူ ၇ ကြိမ်နှင့် အမြောက်ပစ်ကူများရယူ၍ ကိုးကန့် သောင်းကျန်းသူ များနှင့် တိုက်ပွဲ များ ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားလျက် ရှိသည်။

ဖော်ပြပါ သိမ်းပိုက် ထိန်းချုပ် နိုင်ခဲ့သော တောင်ကုန်းများအား တပ်မတော် စစ်ကြောင်းများက ရှင်းလင်းရာ ကိုးကန့် သောင်းကျန်းသူ ယူနီဖောင်းဝတ် အလောင်း ၁ လောင်း ၊ အမ်(၂၂) ၁ လက် ၊ ကျည်အိမ် ၁ ခု ၊ ကျည် ၈ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်မှ စစ်သည် ၁ ဦး ဒဏ်ရာရရှိခဲ့သည်။

ဆက်လက်၍ ယနေ့နံနက်ပိုင်းတွင် တပ်မတော် စစ်ကြောင်းများက သတင်း ဖော်ထုတ်၍ ကိုးကန့် သောင်းကျန်းသူ အဖွဲ့များနှင့် ဆက်စပ်မှုရှိသည့် မသင်္ကာဖွယ် နေရာများအား ဆက်လက် ရှင်းလင်းရာ အမ်(၂၂) ပြောင်းရှည် ၁ လက်၊ အမ်(၂၂) ပြောင်းတို ၁ လက်၊ ၁ လုံးထိုး သေနတ် ၁ လက်၊ အမ်(၂၂)ကျည်အိမ် ၂ ခု၊ ကျည်မျိုးစုံ ၅၀၉ တောင့်၊ ကျည်ကာဦးထုပ် ၃ လုံး၊ တပ်မတော်သုံး အရာရှိကြီးစောင်း ဦးထုပ် ၁ လုံး၊ တပ်မတော် အရာရှိ သုံး တောဆောင်း ဦးထုပ် ၁ လုံး၊ တပ်မတော်သုံး ကြယ် ယာဉ်နံပါတ်ပြား ၂ ခု တို့အား သိမ်းဆည်း ရမိခဲ့သည်။

တပ်မတော် အနေဖြင့် လောက်ကိုင် ဒေသအတွင်း ဆက်သွယ်ရေး လမ်းကြောင်းများ အား ဒေသခံပြည်သူများ လုံခြုံစိတ်ချစွာ သွားလာ နိုင်စေရေး အတွက် အဆိုပါ လမ်းကြောင်း များကို နှောင့်ယှက် တိုက်ခိုက်နေသော ကိုးကန့် သောင်းကျန်းသူများအား ဆက်လက် တိုက်ခိုက် ချေမှုန်းလျက် ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment