ပညာရေးအသုံးစရိတ် ၂၀ရာခိုင်နှုန်းတိုးမြှင့်ရေး အမျိုးသားလွှတ်တော် သဘောမတူ

နေပြည်တော်မှာ အောက်တိုဘာလ ၂ ရက်နေ့က ကျင်းပနေတဲ့ အမျိုးသားလွှတ်တော်ကို တွေ့ရစဉ်။ Photo: RFA

လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ သဘောတူထားတဲ့ ပညာရေးအသုံးစရိတ်ကို နိုင်ငံတော်အစိုးရရဲ့ အသုံးစရိတ် ၂၀ ရာခိုင်နှုန်းအထက်အထိ သတ်မှတ်ဖို့ ဆိုတဲ့အချက်ကို အမျိုးသားလွှတ်တော်က သဘောမတူ ဘဲ ရာခိုင်နှုန်း သတ်မှတ်ချက်မထားတော့ဘဲ ပြင်ဆင် အတည်ပြုလိုက်ပါတယ်။

သပိတ်မှောက်ကျောင်းသူ ကျောင်းသားတွေကို ကိုယ်စားပြုတဲ့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက တောင်းဆိုထားတဲ့ အချက် ၁၁ ချက်ထဲက အများစုကိုလက်ခံလိုက်ပြီး အဲဒီအသုံးစရိတ် ကိုတော့ ပြင်ဆင်လိုက်တယ်လို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဒေါက်တာမြတ်ဥာဏစိုး က ပြောပါတယ်။

"၁၁ ချက်စလုံးအပေါ်မှာ အားလုံးဖြစ်စေရမယ် လို့လည်း ပြောခဲ့ပါတယ်၊ သတ်မှတ်ရတာ တော်တော်ခဲယဉ်းပါတယ်၊ ဒီလေးပွင့်ဆိုင်ဆွေးနွေးပွဲကလည်း ဆရာ့အနေနဲ့ တောက်လျှောက်ပြောခဲ့ပါတယ်၊ တိုင်းပြည်ရဲ့ အခြေအနေအပေါ်မှာ မူတည်ပြီးတော့ အပြောင်းအလဲရှိနိုင်တယ်ဆိုတာ၊ အဲ့တော့ အခုပြဌာန်းလိုက်တဲ့ ပြဌာန်းချက်ကလည်း ၂ဝ ရာခိုင်နှုန်းဆိုတဲ့ သတ်မှတ်ချက်တော့မပါသွားဘူး၊ ဒါပေမဲ့ နှစ်စဉ်တိုးမြှင့်သုံးစွဲသွားရမယ် ဆိုတဲ့ဟာတော့ပါတယ်"

အဲဒီဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၁၄ ယောက်က ၂ ရက်ကြာဆွေးနွေး ပီးနောက် ဒီနေ့ လွှတ်တော်မှာ အတည်ပြုလိုက်တာဖြစ်ပါတယ်။

ပြင်ဆင်ချက်တစ်ပုဒ်ချင်းစီအလိုက် မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်တဲ့အတွက် ဒီမိုကရေစီဆန်တဲ့ ဆုံးဖြတ်ချက်တွေဖြစ်တယ်လို့ ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဒေါက်တာမြတ်ဥာဏစိုးက ပြောပါတယ်။

ပညာရေးအသုံးစရိတ် ၂၀ ရာခိုင်နှုန်းအထက်အထိ သတ်မှတ်ဖို့ဆိုတဲ့အချက်ကို ကျောင်းသူ ကျောင်းသားတွေ အစိုးရ၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ၄ ပွင့်ဆိုင်ဆွေးနွေးပွဲတွေမှာ သဘောတူခဲ့တာ ဖြစ်ပါတယ်။

ပညာရေးမူဝါဒနဲ့ ဥပဒေ၊ နည်းဥပဒေတွေရေးဆွဲရာမှာ ကျောင်းသား ကျောင်းသူကိုယ်စားလှယ်တွေ၊ ဆရာ ဆရာမကိုယ်စားလှယ်တွေ ပါဝင်ခွင့်ရှိဖို့၊ ကျောင်းသားသမဂ္ဂ ဆရာသမဂ္ဂတွေ ဖွဲ့စည်းခွင့်ရှိဖို့၊ လက်ရှိကျင့်သုံးနေတဲ့ စာမေးပွဲစနစ်နဲ့ တက္ကသိုလ်ဝင်ခွင့်စနစ်တွေကို ပြင်ဆင်ဖို့၊ တိုင်းရင်းသားဘာသာစကားစုံကို အခြေပြုတဲ့ ပညာရေးစနစ်ဖြစ်ဖို့ စတဲ့အချက်တွေကိုတော့ အမျိုးသားလွှတ်တော်က အတည်ပြုလိုက်ပါတယ်။

အဲဒီဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က အတည်ပြုပြီးနောက် ပြည်သူ့လွှတ်တော်က ဆက်လက်ဆွေးနွေး ကြမှာဖြစ်ပါတယ်။

အဲ့ဒီပြင်ဆင်အတည်ပြုခဲ့တဲ့ ဥပဒေကြမ်းမှာ ပါဝင်တဲ့အချက်တွေကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးက သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese



  • သုဘရာဇာကို တုန်လှုပ်သွားစေခဲ့တဲ့ သေရွာပြန် အမျိုးသမီး
  • လက်ရှိရည်းစားနဲ့ ရည်းစားဟောင်း နှစ်ဦးစလုံး မြစ်ထဲခုန်ချခဲ့တာကြောင့် ဘယ်သူ့ကယ်ရမှန်းမသိ အကျပ်ရိုက်ခဲ့တဲ့ အမျိုးသား
  • ဖက်ရှင်ကို အလွန်အမင်း အရေးပေးလာတဲ့ နယူးရော့ခ်ကို သရော်တဲ့အနေနဲ့ ကိုယ်တုံးလုံးပုံတွေချည်း ရိုက်ကူးထားတဲ့ ဓာတ်ပုံစာအုပ်တစ်အုပ် ထွက်ရှိ
  • ခေတ်စားနေတဲ့ စုံတွဲများ စုပေါင်း ကာမဆက်ဆံခြင်း
  • လက်တင်အမေရိကမှာ လူမြင်ကွင်း ကလေးနို့ရည်တိုက်ကျွေးခြင်း တားမြစ်ပါက ဒဏ်ငွေရိုက်မယ့်ဥပဒေပြဌာန်း
  • မကျွမ်းကျင်သေးတဲ့ လက်သည်းအလှပြုပြင်သူကြောင့် လက်သည်းခွံတွေ ဖယ်ရှားလိုက်ရတဲ့ မော်ဒယ်လ် အမျိုးသမီး
  • အတင်းဓမ္မပြုကျင့်ဖို့ ကြိုးစားသူရဲ့ တန်ဆာကို ပါးစပ်နဲ့ ကိုက်ဖြတ်
  • ထိုင်းနိုင်ငံမှာ “ရင်သားအောက်ပိုင်းတစ်ဝက်ပေါ် Selfie” ရိုက်တဲ့ အမျိုးသမီးတွေ ထောင်ဒဏ် (၅) နှစ်ကျခံရမယ်လို့ သိရ
  • ဈာပန အခမ်းအနားရောက်မှ အမေ မသေသေးတာ သိလိုက်ရတဲ့ သားသမီးများ
  • အိန္ဒိယနိုင်ငံမှာ နှလုံးက ခန္ဓာကိုယ်အပြင်ဘက် ငေါထွက်နေတဲ့ ကလေးမွေးဖွား
  • အမျိုးသားတွေကို စတာလင်ပေါင် ၃၅၀ ပေးပြီး သူမကို ကိုယ်ဝန်ရရှိအောင် ပြုလုပ်ပေးဖို့ ကမ်းလှမ်းခဲ့တဲ့ အမျိုးသမီး
  • အိမ်ဝယ်မယ်ဆိုရင်အိမ်ရှင်အမျို သမီးကသူ့ကိုအလကားရမယ်တဲ့
  • ချစ်တင်းနှီးနှောနေစဉ်လိင်အင်္ဂါကျိုးပျက်သွားတဲ့အမျိုးသား
  • ၁၁နှစ်သားနဲ့ ၁၅နှစ်သမီးကိုသတ်ပြီးရေခဲသေတ္တာထဲထည့်သိမ်းထားတဲ့မိခင်ဖမ်းခံရ
  • မိဘနှစ်ပါးကိုချက်ပြုတ်စားသောက်တဲ့သားမိုက်
  • Share on Google Plus

    About Editor

    This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
      Blogger Comment
      Facebook Comment

    0 comments:

    Post a Comment