အခွေထဲ ထည့်ထားတဲ့ သီချင်း ၁၆ ပုဒ်ဖြစ်လို့ နားထောင်ရမယ့် ပရိသတ်တွေ အီမသွားစေရပါဘူးလို့ ဆိုလိုက်တဲ့ ၀ိုင်းလေး


Miss Myanmar World 2014 ကို ၀င်မပြိုင်ခင်ကတည်းက ကြိုးစားပုံဖော် ဖန်တီးထားတဲ့ ၀ိုင်းလေးရဲ့ တစ်ကိုယ်တော်ခွေလေးဟာဆိုရင် အချောသတ် ပြီးစီးနေပြီလို့ သိရတဲ့အပြင် ဘန်ကောက်မှာ ရိုက်ထားတဲ့ ကာဗာဒီဇိုင်းကို စောင့်နေရတာကြောင့် မေလလယ်လောက် ထွက်ဖို့ပြင်ဆင်ထားတယ်လို့ ဆိုလာတာကြောင့် သူမကို မေးကြည့်ဖြစ်တဲ့အခါ "လတ်တလောက ၀ိုင်းလေးရဲ့ တစ်ကိုယ်တော်ခွေလေးလုပ်ထားတယ်။ ဧပြီ ၁၀ ရက်နေ့က ကာဗာဒီဇိုင်းရိုက်တယ်။ ကာဗာကိုစောင့်နေတာပေါ့။ ကျန်တာကတော့ အားလုံးပြီးပါပြီ။ မှန်းထားတာကတော့ ၀ိုင်းလေး မေလလယ်လောက်ကို မှန်းထားတယ်။ အခွေရိုက်တဲ့ အခါမှာလဲ ကူးတာတွေ ဘာတွေက ၂ပတ်လောက်ကြာမှာမို့လို့ ညီမရိုက်ထားတာက ဧပြီ ၁၀ ရက်ဆိုတော့ နည်းနည်းလေး ဟသွားမယ် ထင်ပါတယ်။ သင်္ကြန်လဲ ခံသွားတဲ့အခါကျတော့ အခွေထွက်မဲ့အချိန်က မေလလယ်လောက်ပေါ့။ ကာဗာဒီဇိုင်းက သူတို့ဟိုမှာ မိတ်ကပ်၊ ဆံပင် stylist တွေ၊ ကာဗာအတွက် Creation ဒါရိုက်တာရယ် ၊ ညီမရဲ့ Make Up Artist ရယ် အားလုံးပေါင်းပြီး အသစ်ဖြစ်အောင်ဖန်တီးထားတယ်။"လို့ ဆိုပါတယ်။
ဒါ့အပြင် သူမက "အတွေ့အကြုံလဲ အရမ်းရတယ်။ တစ်ခါမှလဲ ဒီလိုမျိုး နိုင်ငံခြားမှာသွားပြီးမရိုက်ဖူးဘူး။ BEC – TERO ကလဲ သေချာလေး ညီမအတွက် လုပ်ပေးထားတယ်။ ကာဗာဒီဇိုင်း ထွက်လာတဲ့အခါ ပရိသတ်အားပေးမှုလဲ လိုချင်ပါတယ်။ ဟိုမှာ ရိုက်ပြီးတာနဲ့ ဘယ်ဟာကို အခွေကာဗာ ဒီဇိုင်းလုပ်ချင်လဲဆိုပြီး ချက်ချင်းရွေးခိုင်းတယ်။ ဒီဇိုင်းကို ခဏ Edit အစမ်းလုပ်ပြတဲ့အခါမှာတောင် ညီမ ၀မ်းသာလွန်းလို့ မျက်ရည်တောင် ကျရတယ်။ ဘာလို့လဲဆိုတော့ ညီမအနေနဲ့ အခွေထုတ်ဖို့တောင် အရမ်းကြိုးစားခဲ့ရတာ။ BEC က အခွေကာဗာလုပ်ပေးတာဆိုတော့ ကိုယ်တိုင်လုပ်တာထက် သူတို့လုပ်ပေးတဲ့အခါမှာ အရောင်တောက် သွားတာပေါ့နော်။ တကယ့် ကာဗာကြီးထွက်လာတဲ့အခါမှာလဲ ညီမမျှော်လင့်ထားသလို ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ တကယ်လို့သာ ညီမ ရှေ့နှစ်က Miss World ကို ၀င်မပြိုင်ခဲ့ရင် ဒီလိုအခွင့်အရေးတွေဆိုတာ ညီမအတွက် မဖြစ်နိုင်ပါဘူး။ ခုဆို Organization က အခွေနဲ့ပတ်သက်ပြီး တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းလေး လုပ်ပေးတဲ့အတွက် ညီမဖက်ကလဲ အတတ်နိုင်ဆုံး အစွမ်းကုန် ကြိုးစားသွားမှာပါ။ Title ကတော့ ပေးပြီးပြီ။ ဒါပေမဲ့ ကာဗာနဲ့မလိုက်မှာစိုးလို့ ညီမမပြောသေးတာပါ။ title ပေးထားတဲ့နာမည်က သီချင်းထဲမှာတော့ မပါဘူး။ ဒီတိုင်းပေးထားတာပေါ့။ သီချင်းက အစက ၁၄ ပုဒ်ဒါပေမဲ့ ခု ၁၆ ပုဒ်ဖြစ်သွားတယ်။ သီချင်းပုဒ်ရေကတော့ များတယ်။ အဲ့ဒါကြောင့် တချို့က အီသွားမှာတို့၊ ပုပ်သွားမှာတို့ကို စိုးရိမ်ကြတယ်။ ညီမဒီအခွေထဲမှာ ကိုင်တိုင်ရေးတဲ့သီချင်း ၄ ပုဒ်ပါတယ်။ တေးရေးဆရာတွေက အရမ်းများတဲ့အတွက် အားလုံးကို ထည့်ထားတာပါ။ တေးရေးတွေက ဦးသောမတ်စ်၊ နောင်နောင် ( sunflower ) ၊ ကိုဖိုးတူး၊ ကိုဆလိုင်း၊ ရွှေဂျော်ဂျော်၊ ကိုပိပိ၊ သားစိုး ( G3 ) ၊ ကိုသိန်းလင်းစိုး၊ ပြီးတော့ဝိုင်းလေးပါ။ အမျိုးအစားကတော့ pop ကို အခြေခံပါတယ်။ pop rock၊ electro pop၊ R&B ကတော့နည်းမယ်။ အဓိက pop ကိုအခြေခံတာများတယ်"လို့ပြောပြပေးခဲ့ပါတယ်။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment